ရန်ကုန်-စစ်တွေသွား ကမ်းရိုးတန်းသင်္ဘော ကံ့ကော်ထူး(၁) နစ်မြုပ်၍ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ

ရန်ကုန်-စစ်တွေသွား ကမ်းရိုးတန်းသင်္ဘော ကံ့ကော်ထူး(၁) နစ်မြုပ်၍ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရန်ကုန်မှ စစ်တွေသို့ ခုတ်မောင်းလာသော ကုန်တင်သင်္ဘော ကံ့ကော်ထူး (၁)သည် ယခုလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်သွားသဖြင့် သင်္ဘောသား ၉ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေသည်ဟု သိရသည်။

ရခိုုင်ပြည်နယ် ရေကြောင်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးထင်ကျော်မှ သင်္ဘောနစ်မြုပ်သည်မှာ မှန်ကန်ကြောင်း၊ ယနေ့အချိန်ထိ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေကြောင်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“သင်္ဘောနစ်တာက စက်တင်ဘာလ ၁၈ ရက်နေ့လောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါသွားတာက ၁၁ ဦး ပါသွားပါတယ်။ ဧရာဝတီတိုင်း ပျဉ်ခရိုင်၊ ပြင်စလူ  ကမ်းခြေမှာ နစ်ပါတယ်။ သင်္ဘောထွက်တာက ရန်ကုန်ကနေ စက်တင်ဘာ ၁၇ ရက်နေ့က ထွက်တာပါ။ ၁၈ ရက်နေ့၊ ည ၈ နာရီ လောက်မှာ ပျောက်သွားပါတယ်။ ၁၀ နာရီ လောက်မှာ လုံးဝ အဆက်အသွယ် ပြတ်သွားပါတယ်”ဟု ဦးထင်ကျော်က ပြောသည်။

၎င်းကမ်းရိုးတန်းသွား သင်္ဘောသည် စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှ စစ်တွေသို့ ထွက်ခွာလာခဲ့ ကြောင်း၊ သင်္ဘောနစ်မြုပ်ရာ ပင်လယ်ပြင်မှာ လှိုင်းလေ ဆိုးသော နေရာတစ်ခုဖြစ်ကြောင်း၊ ယခုအချိန်ထိ သင်္ဘောသားနှစ်ဦး အလောင်းကို ရရှိပြီ ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဦးထင်ကျော်က ပြောသည်။

သင်္ဘောပေါ်တွင် ကုန်တန်ချိန် ၄၅၀ ခန့် တင်ဆောင်လာသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...