မြောက်ဦးမြို့နယ်မှ ရေဘေး ပျက်စီးလယ်မြေ လျော်ကြေးများ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြတ်စားဟုဆို

မြောက်ဦးမြို့နယ်မှ ရေဘေး ပျက်စီးလယ်မြေ လျော်ကြေးများ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြတ်စားဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်မြို့နယ် နတ်ချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မှ  ရေဘေးအတွက် ပေး အပ်သော လျော်ကြေးငွေများကို ဖြတ်စားထားသည်ဟု လယ်သမား တစ်ဦးဖြစ်သူ ဦးဝင်းဝင်းက စွပ်စွဲ ပြောကြားသည်။

1439246457715“ကျွန်တော်မှာ စစ်တွေမြို့ ဦးရွှေသိန်းဆီက ငှားပြီး လုပ်ကိုင်နေတဲ့ လယ် ၁၅ ဧက ရှိပါတယ်။ အဲဒီ အထဲက ၁၁ ဧကကို ရေဘေး ပျက်စီးစာရင်း တင်ထားပါတယ်။ အဲဒီ လယ်တွေအတွက် ကျွန်တော် လက်မှတ်ကို အတုထိုးပြီး ငွေထုတ် ယူထားတာကို စက်တင်ဘာဘ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် ဦးစီးမှူးရုံးကို သွားတဲ့အခါ တွေ့ခဲ့ရပါတယ်။ မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက ဒါခင်ဗျား လက်မှတ် မဟုတ်ဘူးလားလို့ မေးပါတယ်။ ကျွန်တော်က မဟုတ်ဘူးဆိုုပြီး ပြောတော့ မဟုတ်ရင် တရားစွဲဆိုပြီး ပြောပါတယ်” ဟု လယ်သမား ဦးဝင်းဝင်းက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လက်မှတ်အတုဖြင့် ငွေထုတ်ပေးထားကြောင်း ပြေစာ စာရွက်မြို့နယ် မြေစာရင်း ဦးစီးဌာနမှ လည်း ငွေထုတ် ပေးရန် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည်ဟု သူက ပြောသည်။

“ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ထုတ်ပြတဲ့ ပြေစာထဲမှာ လယ်မြေပျက်စီးတာ မှန်ကန်ကြောင်း ထောက်ခံ ပေးရတဲ့ မြို့နယ် မြေစာရင်းဌာနက လက်မှတ်ကိုလည်း တွေ့ရပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာနဲ့ ဘယ်လို ဆက်နွယ်ပတ်သက်သလဲဆိုတာတော့ မသိပါဘူး”ဟု သူက ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်းရေဘေးကြောင့် ပျက်စီးသွားသော လယ်မြေများကို နိုင်ငံတော် အစိုးရမှ တစ်ဧက ရ၀၀၀ နှုန်းဖြင့် မျိုးစပါးဖိုးခ ထောက်ပံ့နေကြောင်း သိရသည်။ ကျေးရွာ အတော်များများတွင် ယင်းထောက်ပ့ံငွေများကို ဖြတ်စား ထားကြသဖြင့်  ပြသနာများ ပေါ်ပေါက်နေသည်ဟုလည်း သိရသည်။

ဦးဝင်းဝင်း၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး နတ်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အား စက်တင်ဘာ ၃၀ ရက်နေ့၊ နေ့လယ် တစ်နာရီအချိန်တွင်  တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြောကြားသည်။

“ကျွန်တော်တို့ အုပ်စုမှာ ပျက်စီးသွားတဲ့ လယ်ဧက ၉၀၀ ကျော်အတွက် လယ်သမား ၁၄၄ ဦးကို ငွေထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုတိုင်တာက မဟုတ်မမှန် သတင်းပို့ တိုင်ကြားတာ ဖြစ်ပါတယ်။ မမှန်ကန်ပါဘူး။ နတ်ချောင်းကျေးရွာ အုပ်စု၊ ရွာသစ်ရွာက ဦးဝင်းဝင်းမှာ လုပ်နေတဲ့ လယ်က သူ့လယ် မဟုတ်ပါဘူး။ ငှားလုပ်နေတဲ့ လယ်ဖြစ်တဲ့အတွက် သူ့ရဲ့ ၁၁ ဧကအတွက် သူ မရပါဘူး”ဟု ဦးကျော်ကျော်က ပြောဆိုသည်။

ယခုအခါ နတ်ချောင်းကျေးရွာ အုပ်စု လယ်သမား ၁၀၀ ကျော်က သူတို့အနေဖြင့် ပျက်စီးသွားသော လယ်များအတွက် လျော်ကြေးငွေ အပြည့်မရသဖြင့် ပျိုးစပါး စိုက်ရန် အခက်အခဲ ဖြစ်နေကြသဖြင့် စုပေါင်း လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားမည်ဟု သိရသည်။

၎င်းအပြင် ပြေစာခ ထုတ်ရန်ဟု ဆိုကာ လယ်သမား တစ်ဦးဆီက ကျပ်ငွေ သုံးထောင်ကျပ် စီကိုလည်း အုပ်ချုပ်ရေးမှူးက ကောက်ယူထားသည်ဟု ဦးဝင်းဝင်းက ပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...