တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သိန်း မြောက်ဦးနန်းရာကုန်းတွင် မဲဆွယ်စည်းရုံး

တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သိန်း မြောက်ဦးနန်းရာကုန်းတွင် မဲဆွယ်စည်းရုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူငယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သိန်း သည် စက်တင်ဘာလ ၂၆ ရက်နေ့က နေ့လယ် ၁၂ နာရီခွဲမှ ၅ နာရီအထိ မြောက်ဦးမြို့ နန်းရာကုန်းတွင် သူ၏ မဲဆွယ်စည်းရုံးရေးကို ပြုလုပ်ခဲ့သည်။

သူနှင့် အတူ ရခိုင်ပြည်နယ်မှ နာမည်ကြီး နိုင်ငံရေးသမား (၆) ဦးကလည်း လက်ရှိ ရခိုင်ပြည်နယ် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်ဟု ဦးကျော်သိန်းက  နိရဥ္စရာသို့ ပြောကြားသည်။

“အဓိကတော့ အမျိုးသားလွှတ်တော်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကျွန်တော်အတွက် မဲဆွယ် စည်းရုံးရေးလုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ အတူ ဟောပြောခဲ့ကြတဲ့ သူတွေက အာရ်ကန် ထွန်းအောင်ကျော်၊ စစ်တွေက ဦးအေးကျာ်၊ ဦးကျော်လှမောင်၊ ဦးမောင်ဖြူ၊ ဦးသန်းဌေး၊ ဦးလှကျော်တို့ ဖြစ်ကြပါတယ်”ဟု သူက ပြောသည်။

၎င်းမဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သူက ဆိုသည်။

“လူပေါင်း ၄၀၀ လောက် ရောက်မယ်လို့ ခန့်မှန်းရတယ်။ ကျွန်တော်အနေနနဲ့ ဒီကာလမှာ ဘာကြောင့် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရသလဲ။ တသီးပုဂ္ဂကိုယ်စားလှယ် ဖြစ်ပေမယ့် မူဝါဒတွေ၊ နိုင်ငံရေး ရပ်တည်ချက်တွေ၊ အဲဒီအပေါ်မှာ ဟောပြောပါတယ် ခင်ဗျား”ဟု ဆိုသည်။

ဆရာဦးအေးကျော်မှ နိုင်ငံရေးဖြတ်သန်းမှုသမိိုင်း၊ ရခိုင်ဒီမိုရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ ပေါင်းစည်းရေး သမိိုင်း၊ ပေါင်းစည်းရေး နောက်ပိုင်း ပါတီတွင်း ဖြစ်ပျက်လာသော အခြေအနေများကို ဟောပြောခဲ့သည်ဟု သိရသည်။

“ထောက်ခံမှုကတော့ လူတွေရဲ့ အားပေး ထောက်ခံမှုကို ရရှိပါတယ်။ မြောက်ဦးမြို့တွင် နှစ်ကြိမ်ဟောပြောပြီးပါပြီ။ ဒါက ဒုတိယ အကြိမ်ဖြစ်ပြီး ကျွန်တော်အတွက် ဟောပြောချင်တယ် ဆိုတော့လည်း ခွင့်ပြုရတာပေါ့။ ပထမအကြိမ်တုန်းကတော့ ကျွန်တော် တစ်ယောက်တည်း ၃ နာရီကျော် ဟောပြောခဲ့ပါတယ်” ဟု ဦးကျော်သိန်းက ပြောဆိုသည်။

ကျေးရွာတိုင်းတွင်  ပြည်သူများက  နွေးနွေးထွေးထွေး ကြိုဆိုကြသောကြောင့် ပြည်သူ့ထောက်ခံမှုများ ရရှိနေကြောင်း သူက ပြောဆိုသွားသည်။

Photos- MOI
June 10, 2026
ပိုးဝါ — AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထောင်ချခံရပြီး ကျောက်ဖြူအကျဉ်းထောင်မှ အာဏာသိမ်း သမ္မတ...
June 9, 2026
မောင်စာဂ — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ကဏန်းရောင်းရန်သွားသည့် စစ်ဘေးရှောင်အမျိုးသားငါးဦးသည်...
June 8, 2026
နှင်းနွယ်နီ — လုံခြုံရေးအခြေအနေကြောင့် ရေလုပ်သားများအားငါးဖမ်းခွင့်ကိုပိတ်ပင်ထားရာမှ...
ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...