ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးစတင်

ရခိုင်အမျိုးသားပါတီ ရန်ကုန်တိုင်းဒေသကြီးတွင် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးစတင်
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီမှ  ရန်ကုန်တိုင်းဒေသကြီးတွင် မဲဆွယ်စည်းရုံးရေးကို  စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင်လူမျိုး တွေကို ရခိုင်အမျိုးသားပါတီမှဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရှိကြောင်း အသိ(Message) သွားပေးတာပါ။ နောက်နေ့တွေမှာပဲ မဲဆွယ်ဟောပြောမှုတွေလုပ်မှာပါ။ ဒီနေ့ ကတော့ သွားပြီး အသိပေးရုံ လောက်ပါ”ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြိံး ဦးဇော်အေးမောင်က နိရဥ္စရာသို့ ပြောသည်။

လှိုင်သာယာ အထည်ချုပ် စက်ရုံဝန်ထမ်းတစ်ဦးဖြစ်သည့် မခိုင်သန်းဌေးကလည်း “ဒီမှာ နေတာကြာပြီဖြစ်လို့  မဲပေးခွင့် ရပါတယ်။ ရခိုင်ပါတီကိုပဲ မဲပေးမှာပါ။ ကိုယ့်ရခိုင် ပါတီက လာရောက်မဲဆွယ်တာကို ဝမ်းသာ ကြိုဆိုပါတယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းပါတီအောင်နိုင်ရေးဦး ဆောင်သူ ဦးဘဆွေက “ဒီနေ့ကတော့ ကိုယ်စားလှယ်လောင်း အများစုဝင်ရောက် ယှဉ်ပြိုင်မယ့် လှိုင်သာယာ၊ ရွှေပြည်သာတို့ကို စဆင်းတာပါ။ နောက်နေ့တွေ မှာတော့ ဟောပြောစည်းရုံးမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားမှာပါ”ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသားရေရာဝန်ကြီးနေရာအပါအဝင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁)၊ (၂)၊ ပြည်သူ့နှင့် အမျိုးသားလွှတ်တော် စသည့် ကိုယ်စားလှယ်လောင်း ၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  ရခိုင်တိုင်းရင်းသားရေးရာဝန်ကြိံးရေရာအား ရခိုင်အမျိုးသားပါတီမှ လက်ရှိ ဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ခင်စောဝေ၊ ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးမောင်မောင်ကျော်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတွင် ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး စသည့် ကိုယ်စားလှယ်လောင်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်  ရ၈ ယောက် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...