ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွှတ်ရေးပါတီအတွင်းရေးမှူး ဦးစောဝင်းထွန်းနှင့် တွေ့ဆုံခြင်း

ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွှတ်ရေးပါတီအတွင်းရေးမှူး ဦးစောဝင်းထွန်းနှင့် တွေ့ဆုံခြင်း
ရှမ်းနီတိုင်းရင်းသားများ ဒေသခံပါတီတွေ့ စည်းရုံးရေးဆင်းနေသော်လည်း ငွေကြေးအခက်ခဲကြာင့်ပါတီ  စည်းရုံးရေးလုပ်ဆောင်ရာတွင် ပါတီကြီးတွေ့နဲ့ယှဉ်ပြိုင် မထိုးဖောက်နိုင်ခြင်း၊ မဲဆန္ဒရှင်ပြည်သူလူထုကို မဲပုံ ပေးနည်းကိုသာ ရှင်းပြနေရတဲ့အတွက် ပါတီစညး်ရုံးရေးလုပ်ရာတွင် အခက်ခဲ စွာလုပ်ဆောင်နေရခြင်းများကို ရှမ်းနီသတင်းဌာ၏မေးမြန်းချက်များကို ယခုလို့ဖြေကြားခဲ့ပါတယ်။

မေး။ စည်းရုံးရေးတွေလည်းဆင်းနေပြီဆိုတော့ ဘယ်လိုအခက်အခဲတွေ  ကြံုရလည်း။

ဖြေ။ အဓိကကတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီအတော်များများ ကြံုရမယ့် အခက်အခဲလို့ မြင်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲရံပုံငွေပေါ့နော်။ ကျွန်တော်တို့ဆီမှာပွင့်ပွင့်လင်းလင်းပြောရရင်တော့ ှအဲ့ဒီအတွက် ခုဏပြောသလိုမဲဆွယ်စည်းရုံးရေးကိစ္စတွေမှာလည်းစိတ်ရှိတိုင်းမလုပ်နိူင်ကြဘဲ ကိုယ့်ရဲ့ပြိုင်ဘက်ပါတီတွေ့နဲ့တန်းတူမလုပ်နိူင် တဲ့အခက်အခဲလေးတွေတော့ ကြံုရပါတယ်။အဓိကနောက်တစ်ခုကြံုရတဲ့ခက်အခဲတစ်ခု ကတော့မဲပေးမဲ့ ပြည်သူလူထုက  ရွေးကောက်ပွဲ ဆိုတာကိုသေသေချာချာနားမလည်တာကိုလည်း မြင်တွေ့နေရတယ်။ ခုချိန်ထိကိုမဲကိုဘောပင်နဲ့ ခြစ်ရမှာလားတံဆိပ်တုံးထုရမှာလားဆိုတာကိုတောင် မသိသေးတဲ့လူတွေ အများကြီးမြင်တွေ့နေရသေးတယ်။ အဲ့ဒီအတွက်လည်းမဲဆန္ဒရှင်တွေ မဲပေးတဲ့နေ့မှာပြည်သူလူထုအနေနဲ့ တုန့်ပြန်မူဟာ ကျွန်တော်တို့လိုအပ်တဲ့ မဲတွေဆုံးရူံးမူရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျန်တဲ့ကိစ္စကတော့ ကော်မရှင်အပိုင်းပါ။

မေး။   အခုကျင်းပမဲ့ ရွေးကောက်ပွဲက တရားတဲ့ရွေးကောက်ပွဲဖြစ်ပါမလား။

ဖြေ။   အများပြောနေကြသလိုပဲချို့ယွင်းချက် ရှိကြပေမယ့် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာတော့ ခုချိန်မှာပြောဖို့စောပါသေးတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့ အချိန်မှပဲဆုံးဖြတ်လို့ရမယ်လို့ထင်ပါတယ်။
မေး။ ပြည်သူလူထုကလည်းမဲစာရင်းကိုသွားကြည့်ရကောင်းမှန်းမသိတာတွေရှိတယ်။  ရွေးကောက်ပွဲကော်မရှင်ကထုတ်တဲ့စာရင်းကလည်းအခုနောက်ဆုံးထုတ်တဲ့အထိကိုအမှားအယွင်းတွေရှိနေတယ်လို့သိရတယ်။ အဲ့ဒါကရွေးကောက်ပွဲအပေါ် ဘယ်လောက်ရိုက်ခတ်မူရှိနိူ်င်မလဲ။
ဖြေ။ ဒီတစ်ခုပြောရင်တော့ ခုဏပြောသလိုမဲပေးသူရာခိုင်နူန်းပေါ့နော်။ မဲစာရင်းမှားယွင်းခြင်း ၊ မဲစာရင်းမှာမပါခြင်းကြောင့် မဲလာမပေးနိူင်တဲ့ အဖြစ်တွေ ကြံုတွေ့ရမှာ ဖြစ်ပြီးတော့ တစ်နိူင်ငံလုံးအတိုင်းအတာနဲ့ ခြံုပြီးပြောရမယ်ဆိုရင်တော့ မဲပေးပိုင်ခွင့်ရှိသူ ၃၁ သန်းဆိုပေမယ့်ဘယ်လောက် ပဲပေးမလဲဥပမာ ပြည်သူလူထုရဲ့ မဲပေးပိုင်ခွင့်ရှိသူ ၄၀ ရာခိုင်နူန်းပဲပေးမလား။ ၅၀ ရာခိုင်နူန်းပဲပေးမလား။ ဒီအပိုင်းမှာတော့ အများကြီးသက်ရောက်မူရှိနိူင်ပါတယ်။ ဒါပေမယ့်လည်း FPTP စနစ်အရ နိူင်သူအကုန်ယူစနစ်အရမဲပေးသူနည်းပေမယ့်လည်း အနိူင်အရူံးစနစ်အရအဖြေထွက်လာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူနည်းခြင်းဟာရွေးကောက်ပွဲအနိူင်အရူံးရလဒ်ကို ကြီးကြီးမားမားထိခိုက်နိူင်မယ်လို့ မမြင်ပါဘူးခင်ဗျ။

မေး။ ပါတီတည်ထောင်ခွင့်ရတာငါးလပဲရှိသေးတယ်ဆိုတော့ စည်းရုံးရေးအရ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဘယ်လောက်မျှော်လင့်ထားသလဲ။

ဖြေ။ ကျွန်တော်တို့ကတော့ ခင်ဗျားမေးသလိုပါတီသက်တမ်းကငါးလအတွင်းမှာမမျှော်လင့်ပဲနဲ့ ရွေးကောက်ပွဲကာလ ကိုဖြတ်သန်းနေပါတယ်။ ဖြတ်သန်းရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဒီလိုဖြတ်သန်းစဉ်အတွင်းမှာတော့ အခက်အခဲကမရှိဘူးမဟုတ်ဘူး။ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အခြေခံထားတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တေ်ာတို့အနေနဲ့ အရင်ပါတီကစတင်ဆောင်ရွက်ထားခဲ့တဲ့အနေထားလေးတစ်ခုနောက်ပြီးတော့ အခြားသော နိူင်ငံရေးအင်အားစုများဖြစ်တဲ့ စာပေယဉ်ကျေးမူစသည်ဖြင့်ပေါ့နော် အခြားသောလူမူရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီးမှတော့ ဒီအပေါ်မှာအားပြုပြီး မှတော့ တိုတောင်းလတဲ့ ရွေးကောက်ပွဲကာလကိုဖြတ်သန်းနေရတယ်လို့ပဲပြောပါရစေ။ သူတို့ရဲ့ထောက်ခံမူသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မူ သာမရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မူဟာအလကားဖြစ်သွားမှာဖြစ်ပါတယ်။ သို့သော်လည်းဒီမှာပုံမှန်မျှော်လင့်တာကတော့ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ရာခိုင်နူန်းတစ်ခုပေါ့နော် ထိုက်သင့်တဲ့ အောင်မြင်မူတစ်ခုတော့ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော်မျှော်မှန်းပါတယ်။ သို့သော်လည်းပဲရာနူန်းပြည့်အနိူင်ရမယ်လို့ ကျွန်တော် မမျှော်မှန်းပါဘူး။ ရာခိုင်နူန်းတစ်ဝက်တောင်မှ ကျွန်တော်တို့အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။

မေး။ ပါတီစတည်ထောင်စဉ်ကာလတုန်းကလည်း ဦးစောဝင်းထွန်းအနေနဲ့ ရှမ်းနီအမျိုးသားညီလာခံကျင်းပရေးဆိုတာပြောထားခဲ့တာရှိ တယ်။ အခုအချိန်မှာရောဒီရည်ရွယ်ချက်ကိုစွန့်လွှတ်လိုက်ပြီလား။ ဘယ်အချိန်မှာဆောင်ရွက်မယ်လို့ စဉ်းစားထားတာရှိသလဲခင်ဗျ။

ဖြေ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒုတိယပါတီလို့ပဲပြောပါရစေနော်။ ခွဲထွက်တယ်လို့မပြောချင်ပါဘူး။ မူဝါဒလေးတွေနဲ့ ရှေ့ဆက်ဆောင်ရွက်ကြမယ့် အမြင်မတူညီကြခြင်းကြောင့်သာသီးခြားခွဲလုပ်ကြတယ်ဆိုတဲ့ သဘောပဲရှိပါတယ်။ ဒီနည်းကတော့ ကျွန်တော်တို့ပါတီရဲ့ အန္တိမရည်မှန်းချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ယုံကြည်ထားတဲ့ ကျွန်တော်တို့ လက်ခံထားတဲ့ ကျွန်တော်တို့ ရှမ်းနီပါတီရဲ့ ကျွန်တော်တို့ရှမ်းနီလူမျိုးများရဲ့ နိူင်ငံရေးထွက်ပေါက် ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခအဝဝကို အပြီးအပိုင်ရှင်းပေးနိူင်တဲ့အဖြေဟာနိူင်ငံရေးဆွေးနွေးပွဲများအပေါ်မှာရှိတယ်လို့ကျွနတော်တို့ အပြည့်အဝ ယူဆထားတယ်။ ဒီကိစ္စကိုတော့ကျွန်တော်တို့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တစ်နေရာမှ အနိူင်မရရှိခဲ့သော်ငြားလည်းပါတီအနေနဲ့ ဆက်လက်တည်ရှိပါမယ်။ ဆက်လက်တည်ရှိပြီး နိူင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှ တဆင့် ကျွန်တော်တို့ ရှမ်းနီလူမျိုးများရဲ့ အခွင့်ိအရေးကို ကျွန်တော်တို့ ရှမ်းနီလူမျိုးများအကျိုးကိုရှမ်းနီလူမျိုးများရဲ့ နိူင်ငံရေးတန်းတူညီမျှမူ အဲ့ဒါကိုအရယူဖို့ဆိုတာက ကျွန်တော်တို့ ဆက်လက်ပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ ၂၀၁၅ မှာအစိုးရသစ်တစ်ရပ်ပေါ်လာနိူင်တယ်ပေါ့နော်။  ငြိမ်းချမ်းရေးကလက်ရှိအစိုးရကလုပ်ထားတာဆိုတော့ အစိုးရသစ်တက်လာရင် NCA က ဘယ်လောက်မျှော်လင့်လို့ရနိူင်မလဲ။နောက်အစိုးရလက်ထက် ဒီစာချုပ်ကပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေအတွက် ဘယ်လောက်အထိအကျိုးသက်ရောက်မူရှိလာနိူင်မလဲ။

ဖြေ။ ပိုဆိုးသွားနိူင်တယ်လို့ ကျွန်တော်မြင်ပါတယ်ဗျ။ အခုဘာပဲပြောပြော ကျွန်တော်တို့အနေနဲ့ဒါ ဘယ်သူ့တိုက်တွန်းချက်မှ မပါပဲနဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စဉ်းစားချက်အရနှစ်ပေါင်းငါးဆယ် ခြောက်ဆယ်အတွင်းလွတ်လပ်ရေးရပြိးနောက်ပိုင်းနှစ်ပေါင်းခုနှစ်ဆယ်နီးပါး ရှိနေပါပြီ။ ဒီအတောအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေ အရင်တုန်းကဗကပလည်းရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တပ်မတော်နဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် အရင်ကနဲ့စာရင် ခိုင်ခိုင်မာမာရှိခဲ့တာမရှိသေးပါဘူး။ ဒါကြောင့်မို့ ဒီအနေအထားဟာဖြင့် ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံးလိုချင်နေကြတဲ့ တိုင်းရင်းသားများလိုချင်နေကြတဲ့ တဖက်ကလည်းလက်ရှိအစိုးရပဲဖြစ်ဖြစ် နောင်တက်လာမယ့် အစိုးရပဲဖြစ်ဖြစ် မဖြစ်မနေဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်းအနီးစပ်ဆုံးအဖြေရှိမယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ဆန္ဒရှိတာကတော့ လက်ရှိရထားတဲ့ အကောင်းဆုံးအနေအထားလေးတွေ အခွင့်အရေးလေးတွေကိုနှစ်ဦးနှစ်ဖက်ကနေပြီးတော့မှ သဘောတူညီပြီးတော့မှ ပြည်သူလူထုအကျိုးကိုရှေ့ရူပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင်ဖြင့်ပေါ့နော် အခုအစိုးရပဲဖြစ်ဖြစ်နောင်အစိုးရပဲဖြစ်ဖြစ် ဒါအနီးစပ်ဆုံးပြည်သူလူထုလိုချင်တဲ့ ငြိမ်းချမ်းရေးရရှိိဖို့ မျှော်လင့်ပါတယ်။

မေး။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ရော ပြည်သူတွေအတွက် ဘယ်လို ကတိကဝတ်တွေပေးချင်လည်းဗျ။

ဖြေ။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့လက်ရှိပါတီမှာပါတီဗဟိုကော်မတီများအားလုံးပေါ့နော်။ စုစည်းပြီးမှ ရွေးကောက်ပွဲရည်မှန်းချက်ကတော့ အဓိကအားဖြင့် နိူင်ငံရေးတရားမျှတမူနဲ့ နိူင်ငံရေးတန်းတူညီမျှမူကိုအဓိကထားပါတယ်။ ကျွန်တော်တို့ရဲ့အဖြေကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့လူမျိုးတွေ တိုးတက်ဖို့ ကျွန်တော်တို့လိုချင်နေတဲ့ ကျွန်တော်တို့လူမျိုးအမည်မှန် ပေါ်ပေါက်ဖို့တို့ ကျွန်တော်တို့ စာပေယဉ်ကျေးမူထိန်းသိမ်းဖို့တို့ ကျွန်တော်တို့ဒေသမှာလမ်းပန်းဆက်သွယ်ရေးကောင်းဖို့ စသဖြင့်  အကုန်လုံးကိစ္စတွေဟာတည်ငြိမ်အေးချမ်းမူမရှိရင်တော့ ဘာမှ ဖော်ဆောင်နိူင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘယ်လောက်ပဲလမ်းတွေဖောက်ချင်ဖောက်ပါစေ။ ဘယ်လောက်ပဲစက်ရုံတွေဆောက်ချင်ဆောက်ပါစေ။ ဘယ်လောက်ပဲ စီးပွားရေးကူးသန်းရောင်းဝယ် လုပ်ချင်လုပ်ပါစေနယ်မြေမတည်ငြိမ်မအေးချမ်းတာနဲ့အမျှ ဖြစ်ပေါ်လာနိူင်တဲ့ အကျိုးဆက်တွေကအရင်ကတည်းကခံရပြီးပြိ အခုလည်းခံစားနေရဆဲပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖော်ဆောင်နိူင်မှာမဟုတ်ဘူးလို့မြင်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ကော ရွေးကောက်ပွဲအနေနဲ့ပါ အဓိကထားပြောချင်တာက ကျွန်တော်တို့ရဲ့အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့လူမျိုးတွေရချင်တဲ့ လိုချင်တဲ့ ဆန္ဒမပြည့်ဝလို့ရှိရင်တော့ တည်ငြိမ်အေးချမ်းဖို့ တနည်းပြောရလို့ရှိရင်တော့ ငြိမ်းချမ်းရေးရရှိဖို့ အဓိကအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...