ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်၍ ဆူပူမှုများဖြစ်ပွားလာလျှင် ဥပဒေအရ လုပ်ဆောင်သွားမည်ဟု တပ်ချုပ် ပြော

ရွေးကောက်ပွဲရလာဒ်ကို မကျေနပ်၍ ဆူပူမှုများဖြစ်ပွားလာလျှင် ဥပဒေအရ လုပ်ဆောင်သွားမည်ဟု တပ်ချုပ် ပြော
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံရန်လိုအပ်ပြီး ရလာဒ်အား မကျေနပ်၍ ဆူပူမှုများ ဖြစ်ပွားလာလျှင် တပ်မတော်အနေဖြင့် ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် မီဒီယာများနှင့်တွေ့ဆုံစဉ် အတိုင်းပါ အတိုင်း ပြောကြားလိုက် ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ ရလာဒ်ကို ရှုံးနိမ့်တဲ့ ပါတီတွေက လက်ခံဖို့ လိုအပ်ပါတယ်။ရလာဒ်အပေါ်မှာ မကျေနပ်လို့ ဆူပူမှုများ ဖြစ်ပွားလာခဲ့ရင် တပ်မတော်အနေနဲ့ကတော့ ဥပဒေအရ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဒီလို ဥပဒေအရ လုပ်ဆောင်မှု အပေါ်မှာလည်း လက်ခံရမည်ဖြစ်ပါတယ်”ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ထွက်ဖော်လာပြီးနောက် ရလာဒ်အပေါ် မကျေနပ်ရာမှ တဆင့် ဆူပူမှုများ ဖြစ်ပွားလာခဲ့ပါက အုပ်ချုပ်ရေးပိုင်း အဆင့်၊ရဲတပ်ဖွဲ့အဆင့် နှင့် အရေးပေါ် အခြေအနေထုတ်ပြန်ခြင်း စသည့် အဆင့်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ကာလအတွင်း လုံခြံုရေးအရ ကန့်သတ်ထားသည့် နေရာများမှ လွဲ၍ တပ်မတော် အတွင်းရှိ မဲရုံ များသို့ ၀င်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းပြီး ရွေးကောက်ပွဲနှင့်တပ်မတော်သားများ မဲဆန္ဒပေးခြင်းနှင့် ပတ်သက်ပြီးတော့လည်း တပ်မတော်ပိုင်းဆိုင်ရာ၌ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲသို့ နိုင်ငံရေးပါတီ ၉၃ ပါတီမှ ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ကြေညာထားသည်။

သို့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နောက်ဆုံးအကြိမ်ထုတ်ပြန်သော တစ်နိုင်ငံလုံး မဲစာရင်းများတွင် အမှားအယွင်းများပြားနေခြင်းမှတစ်ဆင့် ရွေးကောက်ပွဲ ကျင်းပသောနေ့ရက်များတွင် ဆူပူမှုဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း လားဟု မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ယမန်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများသည် မိမိ သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နေကြပြီးဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...