NCA လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေး အရပ်ဖက်အဖွဲ့အစည်းများ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အစိုးရတိုက်တွန်း

NCA လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေး အရပ်ဖက်အဖွဲ့အစည်းများ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အစိုးရတိုက်တွန်း
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မတော်တို့ကြား လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရန်အတွက် အရပ်ဖက်အဖွဲ့အစည်း(CSO)များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် အစိုးရအဖွဲ့ တိုက်တွန်းပြောကြားလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တို့သည် အရပ်ဖက်အဖွဲ့အစည်း ၃၀ ခန့်ကိုယ်စားလှယ်များနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ MPC တွင် စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက “NCA စာချုပ်က အစိုးရပိုင်တာ မဟုတ်ပါဘူး။ အားလုံးက ပိုင်တာပါ။ ဒါကြောင့် ဒီစာချုပ်ကြီးပေါ်မှာ လက်မှတ်ရေးထိုးလာနိုင်အောင်အတွက် အရပ်ဖက်အဖွဲ့ အစည်းများအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့ တိုက်တွန်းပါတယ်။ ခင်ဗျားတို့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းကို ကြီးကျယ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေး ထိုးပွဲဖြစ်မြောက်အောင် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြောသည်။

NCA ကို လာမည့်အောက်တိုဘာ ပထမပတ်ထဲတွင် လက်မှတ်ရေးထိုးသွားရန် အစိုးရဘက်က စီစဉ်နေသော်လည်း တရားဝင် ဖိတ်ခေါ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့အနက် မည်သည့် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးမည်ကို အတိအကျမ ပြောနိုင်သေးကြောင်း မြန်မာငြိမ်းချမး်ရေးစင်တာ MPC တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ အစိုးရတစ်ဖွဲ့တည်းနဲ့ NCA ကို ရွေ့့အောင် မလုပ်နိုင်ပါဘူး။ ခင်ဗျားတို့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း လိုအပ်ပါတယ်။ ဒီ NCA ကို အကောင်အထည် ဖော်လာနိုင်အောင် အရပ်ဖက် အဖွဲ့အစည်းတွေက လုပ်နိုင်ပါတယ်။ ဒါကြောင့် အစိုးရက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်”ဟုလည်း ပြည်ထောာင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အချို့သော အဖွဲ့အစည်းများက ဝေဖန်မှုများ ပြုလုပ်နေသော်လည်း စိတ်ရှည်သီးခံပြီးမှ လုပ်ဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးများက တိုက်တွန်းပြောဆိုခဲ့သည်။

NCA စကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်လာခဲ့ရာ ၂၀၁၅ ခုနှစ်၊သြဂုတ်လတွင် NCA စာချုပ် မူချောအဆင့်ထိ သဘောတူညီနိုင်ခဲ့သော်လည်း စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့်အတွက် အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံများ ကို ဝေဖန်မှုများ ရှိနေသည်။

NCA မူချောပါ အချက် ၃၃ အနက် ၃၂ ချက် သဘောတူညီခဲ့ပြီးသော်လည်း ပါဝင်လက်မှတ် ရေးထိုးရမည့် အဖွဲ့အစည်းများကိစ္စတွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အစိုးရက ချန်လှပ်ထားသဖြင့် လက်မှတ်ရေးထိုးရန် သဘောတူညီမှုမရသေးဘဲ တစ်ဆို့နေရခြင်း ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...