NCA လက်မှတ်ရေးထိုးမည့်ရက်သတ်မှတ်နိုင်ရေး အောက်တိုဘာ ၃ ရက်နေ့တွင် တွေ့ဆုံကြမည်

NCA လက်မှတ်ရေးထိုးမည့်ရက်သတ်မှတ်နိုင်ရေး အောက်တိုဘာ ၃ ရက်နေ့တွင် တွေ့ဆုံကြမည်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အောက်တိုဘာ ပထမအပတ်ထဲတွင် လက်မှတ်ရေး ထိုးသွားရန် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ပမာဏ သဘောတူညီမှု ရယူထားပြီး ဖြစ်သော်လည်း အတိအကျ ရက်သတ်မှတ်နိုင်ရေးအတွက် အောက်တိုဘာ ၃ ရက်နေ့၌ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံ၍ ဆွေးနွေးဆုံးဖြတ်သွားကြ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

MPC1 300x169စက်တင်ဘာ ၂၀ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အစိုးရဘက်မှ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ဦးခင်ဇော်ဦး၊ MPC မှ အလုပ်အဖွဲ့ဝင်များ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြစဉ် အထက်ပါတိုင်း သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးညိုအုန်းမြင့်က “ဒီနေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးမယ့် ရက်ကို သတ်မှတ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ပမာဏ အနေနဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ပြန်တွေ့ဖို့ သတ်မှတ်ခဲ့ကြတယ်။ အဲ့ဒီ ရက်မှာတော့ NCA လက်မှတ် ရေးထိုးမယ့် ရက်ကို တရားဝင် သတ်မှတ်သွားကြမယ် အခုကတော့ နောက်ထပ်တွေ့ဆုံမယ့် ရက်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

စက်တင်ဘာ ၂၀ ရက်နေ့က NCA ရက်သတ်မှတ်နိုင်ရေး အကြိုတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်အတွက် အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ကြားခဲ့ရာတွင် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မ တော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ မိုင်းလားအဖွဲ ့( N DAA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စသည့် လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီကပ်ပလန် (NSCN-K)၊ စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မှ ဗဟိုကော်မတီ အစည်းအဝေးများ ပြုလုပ်နေခြင်းကြောင့် အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိသော်လည်း NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အကြောင်းကြားစာများပေးပို့လာခဲ့သည်ဟု MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးမည့် အကြောင်းအရာ နှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကလည်း စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ချင်းမိုင်မြို့တွင် တွေ့ ဆုံဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ပြီးပါက အောက်တိုဘာ ၃ ရက်နေ့တွင် မည်သည့် ရက်တွင် NCA ကို လက်မှတ် ရေးထိုးကြမည်ဆိုသည်ကို အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...