ပုဏ္ဍားကျွန်းမြို့နယ်တွင် ANP ပါတီက ထင်တာထက် အခြေအနေပိုကောင်းဟု ဆို

ပုဏ္ဍားကျွန်းမြို့နယ်တွင် ANP ပါတီက ထင်တာထက် အခြေအနေပိုကောင်းဟု ဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ၏ အောင်နိုင်ရေးမှာ ထင်ထားသည့် အခြေအနေထက် ပိုမိုကောင်းမွန်သည်ဟု မဲဆွယ်စည်းရုံးရေးဆင်းနေသူ ယင်းမြို့နယ်၏ အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 “အခြေအနေက ထင်ထားထက်ပိုကောင်းတယ်။ လူထု ထောက်ခံမှုကတော့ အကြီးအကျယ်ပါဘဲ”ဟု သူက ဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သော ANP ၏ ပုဏ္ဍားကျွန်းမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်ကို သွားရောက်ပြီးနောက် နိရဥ္စရာက မေးမြန်းစဉ် သူက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် မဲဆွယ်စည်းရုံးရာတွင်လည်း အာဏာပိုင်များ၏ အနှောင့်အယှက် အဟန့်အတား တစုံတရာ မရှိသဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးမှာ ပို၍ လွတ်လပ် ပွင့်လင်းလာသည်ဟု သူက ပြောဆိုသည်။

 ANP ၏ အဓိက ယှဉ်ပြိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများမှာ ပြည်ခိုင်ဖြိုးပါတီက ဖြစ်ကြောင်း သူက ပြောဆိုသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် များ၏ လူထုထောက်ခံမှု အခြေအနေကို မေးမြန်းရာ သူက မပြောလိုကြောင်း ငြင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပါတီပေါင်း ၂၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယခုအခါ မြို့နယ် အသီးသီးတွင် မဲဆွယ်စည်းရုံးရေး များ ပြုလုပ်နေကြပြီ ဖြစ်သည်။

ANP ရခိုင်အမျိုးသားပါတီမှ ပုဏ္ဍားကျွန်းမြို့နယ်တွင် ပြုလုပ်နေသော မဲဆွယ်စည်းရုံးရေးတွင် ဦးစံကျော်လှ အပါအဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီ ခေါင်းဆောင်များ ပါဝင်ကြသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...