စက်တင်ဘာ ၁၆ ရက်နေ့တွင် နာဂ NSCN-K ခေါင်းဆောင်များ နှင့် UPWC တို့တွေ့ဆုံမည်

စက်တင်ဘာ ၁၆ ရက်နေ့တွင် နာဂ NSCN-K ခေါင်းဆောင်များ နှင့် UPWC တို့တွေ့ဆုံမည်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ခေါင်းဆောင်များ နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် NSCN-K  ခေါင်းဆောင်များ စက်တင်ဘာ ၁၆ ရက်နေ့တွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို ့၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ၌ UPWC ခေါင်းဆောင်များ နှင့် NSCN-K ခေါင်းဆောင်များ တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း ရှိ/မရှိ ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

မြန်မာငြိမ်းချမ်းရေးစင်တာMPC)မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက “ဗုဒ္ဓဟူးနေ့မှာ NSCN-K က ခေါင်းဆောင်တွေနဲ့ UPWC ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဖို့ရှိတယ်၊ ပြီးရင် သူတို့ NCA လက်မှတ်ရေးထိုးနိုင်ခြင်း ရှိ/မရှိကို ဆွေးနွေးကြမယ်”ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)ဒုဥက္ကဌ ဦးအောင်မင်းသည် စက်တင်ဘာ ၁၄ ရက်နေ့၊ မနက်ပိုင်းက အင်ယားလိတ်ဟိုတယ်တွင် နိုင်ငံရေးပါတီများ အရပ်ဘက် အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း လုပ်ဆောင်ရမည့် နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းကိစ္စကို ဆွေးနွေးခဲ့သည်။

ယင်းနောက် နေ့လယ် ၂ နာရီမှာတော့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် နိုင်ငံရေးပါတီများ နှင့်တွေ့ ဆုံကာ NCA လက်မှတ်ရေးထိုးပြီး လုပ်ဆောင်ရမည် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

နောက်တစ်နေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ နိုင်ငံတကာသံတမန်များ နှင့်တွေ့ဆုံကာ NCA လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသွားရန်လည်း စီစဉ်ထားကြောင်းသိရသည်။

“ကျွန်တော် နာဂခေါင်းဆောင်တွေနဲ့တွေ့ဖို့ ရှိပါတယ်။သူတို့နဲ့တွေ့ပြီးရင် NCA ကိစ္စကို ဆွေးနွေးမယ်။ သူတို့ လက်မှတ်ရေးထိုးနိုင်လား မရေးထိုးနို်င်ဘူးလာဆိုတာကိုပေါ့၊ ဒါပေမဲ့ သူတို့ လက်မှတ်ရေးထိုးမယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်ထောာင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K)သည် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာမှ အစိုးရနှင့် ပြည်နယ်အဆင့် ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထို့အပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် လက်ရှိ အစိုးရဖိတ်ခေါ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့တွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...