သံဖြူဇရပ်မြို့တွင် ခြေလက်တုအခမဲ့ ပြုပြင်ပေး

သံဖြူဇရပ်မြို့တွင် ခြေလက်တုအခမဲ့ ပြုပြင်ပေး
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဆေးရုံ၌ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန(ဘားအံ)မှ စက်တင်ဘာ ၈ ရက်နေ့တွင် ခြေတု၊ လက်တုအသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင် ပေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သော ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လည့်အစီအစဉ်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်သည်။

ခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာန(ဘားအံ) ကွင်းဆင်းတာဝန်ခံ ကိုစိုးထိုက်က “ခြေတုစီးတဲ့ လူတွေက ခြေထောက်လည်းအတုပဲ၊ ဖဝါးလည်း အတုပဲ၊ ဒီဟာတွေက ၄လ၊ ၅ လလောက်စီးရင် ပျက်စီးသွားတယ်၊ ဖဝါးပျက်တာတို့ ကြိုးပြတ်တာတို့ဆိုရင် သူတို့က ဘားအံကိုလာပြီး ပြန်လုပ်ရတယ်။ သူတို့အတွက် စားဝတ်နေရေး အခက်အခဲရှိတယ်။ ဒါကြောင့် ပျက်သွားရင် အသစ်လာမလဲတော့ဘဲ အပျက်အတိုင်း စီးနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီမှာရှိတဲ့ခြေတု စီးနေတဲ့သူတွေ စားဝတ်နေရေး အဆင်ပြေရအောင်၊ သွားရေးလာရေး အဆင်ပြေရအောင်၊ သူတို့လည်း အချိန်ကုန် သက်သာရအောင်၊ နယ်လှည့်ပြုပြင်ပေးတာ ဖြစ်တယ်”ဟု ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ခြေတုတပ်ဆင်ထားသည့် လူနာအရေအတွက် ၁၀၉ ဦးခန့် ရှိသည့်အနက် အခြားမြို့နယ်သို့ ပြောင်းရွေ့သွားသူဦးရေ ၄၀ ဦးခန့် ရှိကြောင်း၊ ခြေတုလာရောက်ပြုပြင်သူများထဲတွင် မသန်းစွမ်း အားကစားသမား အချို့လည်း ပါဝင်လျှက်ရှိသည်။

ခြေတုတပ်ဆင်ထားရသူ စက်ဘီးစီးပြိုင်သမား ဦးမောင်ထူးက “၁၉၈၅ တုန်းက ပေါ်တာဆွဲတာ ပါသွားတော့ ခြေထောက်က မိုင်းထိပြီးပြတ်သွားတာ အနှစ် ၃၀ လောက်ရှိပြီးပေါ့။ ဒါပေမယ့် အခု ခြေထောက်ကောင်းတဲ့ သူတွေနဲ့ စက်ဘီးပြိုင်နေတယ်။ သန်စွမ်းတဲ့ သူတွေနဲ့ ပြိုင်တာ တတိယ ရဖူးတယ်။ မသန်စွမ်းတဲ့သူတွေနဲ့ ပြိုင်တာကတော့ ရွှေတံဆိပ်ရဖူးတယ်။ ခြေထောက်ကို အရင်ကလည်း ဘားအံမှာ သွားပြင်ဖူးတယ်၊ အခုသူတို့ ဒီအထိ လာပြင်ပေးတော့ ဝမ်းသာပါတယ်”ဟု ဆိုသည်။

မိမိအနေဖြင့် မသန်စွမ်းသော်လည်း လာမည့် ၁၃ ရက်နေ့ သံဖြူဇရပ်၌ ကျင်းပမည့် ၄၇ မိုင်စက်ဘီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း ဦးမောင်ထူးက ဆိုသည်။

ခြေတုလာရောက်ပြုပြင်သူများတွင် ယာဉ်မတော်တဆမူကြောင့် ခြေတုတပ်ဆင်ထားရသူ အများအပြားကိုလည်း ရှိကြောင်း သိရသည်။

“ဆိုင်ကယ်မှောက်ပြီးတော့ ဖြတ်လိုက်ရတာ၊ အခုဆိုရင်တစ်နှစ်လောက်ရှိပြီး၊ အခုဆိုရင်ခြေအိတ်၊ ခြေအတုတပ်ပေးတယ်။ အခုလိုလုပ်ပေးတော့ လမ်းလျှောက်လို့လည်း ရသွားတယ်လေ။ ဝမ်းလည်း ဝမ်းသာပါတယ်”ဟု ခြေတုလာရောက်ပြုပြင်သူ ဦးအောင်ကျော်ထွန်းက ပြောသည်။

ဘားအံ ခြေတုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်းတို့တွင် ခြေတုလက်တု အခမဲ့ ပြုပြင််မူများနယ်လှည့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ထို့အပြင် ခြေလက်တု အကြီးစားပြင်ဆင်မူများ၊ အသစ်လဲလှယ်ရန် လိုအပ်သူများကို ဌာနသို့ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ ယင်းနယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်သည် မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် သွားရောက်ပြုပြင်ပေးလျှက်ရှိပြီး မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များသို့  သွားရောက်မည့် အစီအစဉ်ကျန်ရှိနေသေးသည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...