သျှမ်းစာပေ သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၃၃ ယောက် ရှိရာ ကျား ၃ ဦးနှင့် မ ၃၀ ဦးတို့ဖြစ် ကြောင်း၊ ကျောက်မဲမြို့ရှိ မူလ တန်းကျောင်းမှ အထက်တန်း ကျောင်းအထိ ၃၀ ကျော်တွင် စက်တင်ဘာလ ၁ ရက်နေ့တွင် တပြိုင်နက် စတင်သင်ကြားပေးသွားမည်ဟု ဆိုသည်။
အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁ ကနေ အမှတ် ၁၃ အထိ၊ အမှတ် ၃ အလယ်တန်းကျောင်း၊ အမှတ် ၂ - ၃ - ၄ အထက်တန်း ကျောင်း တို့အပြင် မုံးတန် အထက်တန်းကျောင်း၊ နမ့်ဟူးတောင်း၊ မန့်ကောင်းမူး၊ မန့်ခါ၊ ခိုတဲန့်၊ ပူခါး၊ နားထောန်၊ နားမွန်း၊ နမ့်စော့၊ စွဲကုန်းရွာတို့ရှိ မူလတန်းကျောင်းများ၊ ကျောင်းယွက် ဘုန်းတော်ကြီးကျောင်းနှင့် ကမောဇကျောင်းတိုက်ရှိ ကျောင်းများ တွင် စတင် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည် ။
“ကျောင်းချိန် အတွင်းလား ကျောင်းချိန် ပြင်ပလား ဆိုတာတော့ ကျောင်းအုပ် ခွင့်ပြုချက် နဲ့ သင်ကြား ပေးမယ့် မိဘ ဆရာ ဆုံးဖြတ်ချက် ပေါ်မူတည်တယ်။ ကျောင်းတကျောင်းနဲ့ တကျောင်းတော့ တူမှာ မဟုတ်ဘူး။ ကျောင်းမှာ ဒေခံ ဘာသာစာပေ စကားသင်ရမယ်ဆိုတော့ မိဘတွေလဲဝမ်း သာတယ်”ဟု သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီဝင် မော်ဆွန် စိုင်းဟတ်ခေးက ပြောသည်။
တဖက်တွင်လည်း ကျောက်မဲမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းက အဆိုပါ ဆရာများအား သြဂုတ် ၁ ရက်နေ့က မွမ်းမံသင်တန်း ပေးခဲ့ပြီး ၂၀ ရက်နေ့က အစိုးရ ကျောင်းများတွင် သျှမ်း စာပေသင်ကြားဖို့ အဆိုပါ ဆရာများအား တာဝန်ပေးအပ် သည့်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။







