ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် USDP ကိုယ်စားလှယ်လောင်း ၄၆ဦး အမည်စာရင်းတင်သွင်း

ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် USDP ကိုယ်စားလှယ်လောင်း ၄၆ဦး အမည်စာရင်းတင်သွင်း
လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း ၄၆ ဦး အမည်စာရင်းတင်သွင်းခဲ့ကြောင်း လွတ်လပ်သောမွန်သတင်း အေဂျင်စီက စိစစ်တွေ့ရှိရသည်။

ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့လွှတ်တော် ၁၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ပဏာမစိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးလွင်မိုး၊ အမျိုးသားလွှတ်တော် အမှတ်-၁ နယ်မြေ မော်လမြိုင် ဦးမြင့်ရှိန်၊ အမှတ်-၂ နယ်မြေမော်လမြိုင် ဒေါက်တာစိုးဝင်း၊ ပြည်နယ်-၁ ဒေါ်ရီရီမြင့်၊ ပြည်နယ်-၂ ဒေါက်တာတိုးတိုးအောင် ၅ ဦး ပါဝင်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာမိယဉ်ချမ်း၊ အမျိုးသားလွှတ်တော် အမှတ်-၃ ဦးခင်မောင်လေး၊ ပြည်နယ်-၁ ဦးလှထွန်း၊ ပြည်နယ်-၂ ဦးမင်းအောင်မွန် ၄ ဦးတို့ ပါဝင်သည်။

ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးမင်အောင်သူ၊ အမျိုးသားလွှတ်တော် အမှတ်-၄ ဦးမင်းမြင့်မောင်လေး(ခ)ကိုမောင်၊ ပြည်နယ်-၁ ဦးအောင်ကြည်သိန်း၊ ပြည်နယ်-၂ ဦးမျိုးမင်းလှိုင် (ခ)မောင်မောင် ၄ ဦးပါဝင် ယှည်ပြိုင်မည် ဖြစ်သည်။

သံဖြူဇရပ်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးအောင်သန်းဦး၊ အမျိုးသားလွှတ်တော် အမှတ်-၅ ဦးခင်ဇော်ဝင်း၊ ပြည်နယ်-၁ ဦးခင်မောင်ဦး၊ ပြည်နယ်-၂ ဦးစိုးနိုင် ၄ ဦးတို့ ပါဝင်သည်။

မုဒုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးကျော်ကျော်လွင်၊ အမျိုးသားလွှတ်တော် အမှတ်-၆ ဦးသက်ထွေး၊ ပြည်နယ်-၁ ဦးအုန်းမြင့်၊ ပြည်နယ်-၂ ဒေါက်တာဦးလှသိန်း ၄ ဦးပါဝင်ကြောင်း သိရသည်။

ရေးမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးထွန်းမြင့်၊ အမျိုးသားလွှတ်တော် အမှတ်-၇ ဒေါက်တာမျိုးချစ်၊ အမှတ်-၈ ဦးစိုးထွန်း၊ ပြည်နယ်-၁ ဦးအောင်စိုးနိုင်၊ ပြည်နယ် -၂ ဦးကျော်သူရ တို့ ၅ ဦးပါဝင်သည်။

သထုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော် အမှတ်-၉ ဦးခင်မောင်သောင်း၊ ပြည်နယ်-၁ ဦးဌေးမြင့်အောင်၊ ပြည်နယ်-၂ ဦးသိန်းဇော် ၄ ဦးပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပေါင်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးမင်းမြင့်ထွန်း၊ အမျိုးသားလွှတ်တော် အမှတ်-၁၀ ဦးဇော်ဝင်း၊ ပြည်နယ်-၁ ဦးသန့်စင်၊ ပြည်နယ်-၂ ဦးအောင်ကျော် ၄ ဦးပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးလှသိန်း၊ အမျိုးသားလွှတ်တော် အမှတ်-၁၁ ဒေါ်ခင်မြင့်၊ ပြည်နယ်-၂ ဦးဌေးလွင် တို့ ၃ ဦးပါဝင်မည် ဖြစ်သည်။

ဘီးလင်းမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာစိုးမိုးအောင်၊ အမျိုးသားလွှတ်တော် အမှတ်-၁၂ ဦးမြင့်ဆွေ၊ ပြည်နယ်-၁ ဒေါက်တာခင်မောင်သွင်၊ ပြည်နယ်-၂ ဦးဝင်းမော်ဦး ၄ ဦး ပါဝင်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗမာတိုင်းရင်းသား ဦးသက်ဝင်း၊ ကရင်တိုင်းရင်းသား ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသား ဒေါ်နန်းခင်မျိုးမင်း ၃ ဦး တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်းများ အမည်စာရင်းသည် သြဂုတ်လ ၁၃ ရက်နေ့ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝဘ်ဆိုက်ဖေါ်ပြချက်ကို အခြေခံထားခြင်းဖြစ်ပြီး အမည်စာရင်းနောက်ဆုံးတင်သွင်းမည့် သြဂုတ်လ ၁၄ ရက်နေ့အတည်ပြုစာရင်းများကို မရရှိသေးသဖြင့် ကိုယ်စားလှယ်လောင်းအရေအတွက် အပြောင်းအလဲများ ရှိနိုင်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...