မွန်ပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ

မွန်ပြည်နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၁၀ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၁ ဦး စာရင်းပေးသွင်းထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက်ဝဘ်ဆိုက်ဖော်ပြချက်အရ သိရသည်။

သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေနှင့် ပတ်သက်၍ သြဂုတ်လ ၁၃ ရက်နေ့စာရင်းကိုသာ ဖော်ပြလျှက်ရှိပြီး နောက်ဆုံးတင်သွင်းသည့် သြဂုတ်လ ၁၄ ရက်နေ့စာရင်းများကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အင်တာနက်သတင်းစာမျက်နှာတွင် ယနေ့အထိ နာမည်နှင့်တကွ ဖော်ပြထားခြင်းမရှိသေးပေ။

လက်ရှိစိစစ်တွေ့ရှိချက်အရ မော်လမြိုင်မဲဆန္ဒနယ်မြေတွင် ဦးမင်းဇေယျာဦး MNP၊ တစ်သီးပုဂ္ဂလ ဦးသောင်းဝင်း၊ ဦးလွင်မိုး USDP ၊ ဦးနိုင်သောင်းညွန့် NLD နှင့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးအောင်ကိုကို တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကျိုက်မရောမဲဆန္ဒနယ်မြေတွင် ဦးအုန်းဖေ MNP ပါတီ၊ ဒေါက်တာ နိုင်လှအောင် AMDP၊ မန်းကျော်ရွှေ -၈၈ မျိုးဆက် ကျောင်းသားလူငယ် များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ဦးစောလင်းထိန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဦးစောကျော်ဝင်းမောင် NLD နှင့် ဒေါက်တာမိယဉ်ချမ်း USDP တို့ ဖြစ်သည်။

ချောင်းဆုံမဲဆန္ဒနယ်မြေတွင် ဒေါက်တာစည်သူအောင် MNP၊ ဦးလှမောင် (ခ) နိုင်လှမောင် AMDP၊ ဒေါ်ခင်ဌေးကြွယ် NLD နှင့် ဦးမင်းအောင်သူ USDP တို့ပါဝင်သည်။

သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်မြေတွင် ဒေါ်မိချောစုလတ် MNP၊ ဦးသန်းရွှေ AMDP၊ ဦးဉာဏ်ဟိန်းNLD၊ ဦးအောင်သန်းဦး USDP၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးပန်းမောင် (ခ)ဦးတရုတ် နှင့် ဦးနိုင်သိန်းအောင်တို့ အမည်စာရင်းတင်သွင်းထားသည်။

မုဒုံမြို့နယ် မဲဆန္ဒနယ်မြေတွင် ဒေါ်ကျင်သန်း (ခ) မိလေးမွန် MNP၊ ဦးမင်းမြရှိန်(ခ)မင်းသစ္စာ AMDP ၊ ဒေါ်မိုးမိုးခိုင်- အမျိုးသမီးပါတီ(မွန်)၊ ဦးအောင်ကြည်(အမျိုးသားတိုးတက်ရေးပါတီ) ၊ ဦးစောထွန်း-NLD၊ ဦးကျော်ကျော်လွင်(USDP)ပါတီ၊ ဦးအောင်မင်း(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) နှင့် ဒေါ်အိအိအေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ ၈ ဦး ပါဝင်ကြောင်း သိရသည်။

ရေးမြို့နယ်မဲဆန္ဒနယ်တွင် နိုင်ချမ်းတွဲ့ AMDP၊ ဦးစိန်မြမောင် MNP၊ ဒေါက်တာအောင်ထွန်းခိုင် (ခ)ဦးချိန်ဝင်း NLD နှင့် ဦးထွန်းမြင့် USDP တို့ ၄ ဦးပါဝင်ကြောင်း တွေ့ရှိရသည်။

သထုံမြို့နယ် မဲဆန္ဒနယ်မြေတွင် ဦးမောင်မောင်ညွန့် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ၊ ဦးကျော်မြင့်(USDP)၊ ဦးချစ်စံဝင်း(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)၊ ဦးစောအောင်သိန်း (ကရင်ပြည်သူ့ ပါတီ)၊ ဒေါ်မိစန္ဒာထွန်း(အမျိုးသားတိုးတက်ရေးပါတီ) နှင့် ဒေါ်မာမာခိုင် NLD တို့ ၆ ဦးပါဝင်သည်။

ပေါင်မြို့နယ် မဲဆန္ဒနယ်မြေတွင် ဒေါ်မိကြည်ကြည်မွန် Mဏြ ၊ ဦးမောင်မောင် AMDP၊ ဒေါ်မိကွန်ချမ်း NLD၊ ဦးမင်းမြင့်ထွန်း USDP၊ ဦးခင်မောင်မြင့်(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးတင့်လွင် -၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ဦးစောဝင်းကျော်ဦး(ဖလုံ-စဝေါ်ဒီမို ကရက်တစ်ပါတီ)၊ ဒေါ်လဲ့လဲ့မော်(အမျိုးသား တိုးတက်ရေးပါတီ)နှင့် တစ်သီးပုဂ္ဂလ ဦးအောင် တို့ ၁၀ ဦး ပါဝင်သည်။

ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်တွင် ဦးအောင်ကြိုင်(MNP)၊ ဒေါက်တာခင်ဆောင်(NLD)၊ ဦးလှသိန်း (USDP)၊ ဦးတင်အောင်(တိ်ုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)၊ ဦးခင်မောင်(ခ) နိုင်ခင်မောင် (ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဒေါ်အေးအေးမွန်(ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်)နှင့် ဦးစောစိုးမြင့်(အမျိုးသားတိုးတက်ရေးပါတီ) တို့ ရ ဦးပါဝင်ကြောင်း တွေ့ရှိရ သည်။

ဘီးလင်းမြို့ မဲဆန္ဒနယ်တွင် ဦးဖေသောင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)၊ ဒေါက်တာ စိုးမိုးအောင်((USDP)၊ ဒေါ်အေးအေးမာ(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊ ဦးတင်ကိုကိုဦး(ခ) အတွတ်(NLD)နှင့် ဦးတင်မောင်ကြီး(အမျိုးသားတိုးတက်ရေးပါတီ) တို့ ၅ ဦးယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုစားလှယ်လောင်း ၁၇၇၂ ဦး စာရင်းပေးသွင်းထား သည်ဟု သြဂုတ်လ ၁၆ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ပေးပို့စာပါ ဖော်ပြချက်အရ သိရှိရသည်။

သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်သတင်းစာမျက်နှာပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ(သြဂုတ်လ ၁၃ ရက်အထိ) ဖော်ပြချက်တွင် တစ်နိုင်ငံလုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ၁,၅၄၅ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ရေးသားဖော်ပြထားဆဲ ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...