စစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အဓိကတာဝန်ရှိသူ CNO/CNDF ဥက္ကဋ္ဌကို ရာထူးကနေထုတ်ပယ်

စစ်တပ်ရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အဓိကတာဝန်ရှိသူ CNO/CNDF ဥက္ကဋ္ဌကို ရာထူးကနေထုတ်ပယ်

- ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုဟာ တရားဝင်မှု၊ ကိုယ်စားပြုမှုမရှိဘဲ အဲဒီဆွေးနွေးမှုမှာ အဓိက တာဝန်ရှိသူ CNO/CNDF ဥက္ကဋ္ဌကို ရာထူးကနေထုတ်ပယ်လိုက်တယ်လို့ CNO/ CNDF က ကြေညာပါတယ်။ 

- ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နဲ့ကန်ပက်လက်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဆက် နဲ့ တပ်မှူးတချို့အပါအဝင် အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA)က ပြောပါတယ်။ 

- ကျောင်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်  YCW ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်က ငြင်းဆိုလိုက်ပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်ရေးသားသူ၊ ဖြန့်ဝေသူတွေနဲ့ မှတ်ချက်ပေးသူတွေကိုပါ ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ခြိမ်းခြောက်တုံ့ပြန်လိုက်ပါတယ်။ 

Most read this week

September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...