မင်းတပ်နဲ့ကန်ပက်လက်ဆီ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို CPA နဲ့ပူးပေါင်းတပ်က တန်ပြန်တိုက်ခိုက်ရာ စစ်တပ်ဘက်က ရာချီသေဆုံး

မင်းတပ်နဲ့ကန်ပက်လက်ဆီ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို CPA နဲ့ပူးပေါင်းတပ်က တန်ပြန်တိုက်ခိုက်ရာ စစ်တပ်ဘက်က ရာချီသေဆုံး

- ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အင်အားထောင်ချီနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ရာချီသေဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျသွားတယ်လို့ CPU/CPA က ပြောပါတယ်။

- ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်တပ်က အဆိပ်ငွေ့ပါဝင်တဲ့ ဓာတုဗုံးတွေနဲ့ အသေခံဒရုန်းတွေ အသုံးပြုမှုတွေရှိနေတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Thantlang က ပြောပါတယ်။ 

- ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက CDF - ဟားခါးရဲ့ တပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအများအပြားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ဟားခါးက ပြောပါတယ်။

September 11, 2026
- အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ...
September 10, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှမ်းစျေးကျဆင်းတာကြောင့် အရှုံးပေါ်နေတယ်လို့...
September 9, 2026
- မယ်လဒုက္ခသည်စခန်းမှာ အမေရိကန်အစိုးရရဲ့ အကူအညီပေးရေး ရန်ပုံငွေတွေ ရပ်ဆိုင်းခံရပြီးတဲ့နောက်...
September 8, 2026
- အစားအစာမလုံလောက်မှုကြောင့် စစ်ရှောင်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေး...