ကလေးငယ်ကို သတ်ဖြတ်သူ ပြစ်မှုသရုပ်ပြစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ကလေးငယ်ကို သတ်ဖြတ်သူ ပြစ်မှုသရုပ်ပြစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု ဖြင့် ဖမ်းဆီးခံထားရသူသည် ပြစ်မှုကျူးလွန်ပုံကို လိုက်လံပြသစဉ် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။

သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ကိုရဲဝင်းပိုင် (ခ) ရဲကြီး (ခ) ကျွဲကြီး (ခ) ပိုင်လေး ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက သူထွက်ပြေးခဲ့တဲ့နေရာမှာ ဝှက်ထားတဲ့ အဝတ်တွေကို လိုက်ပြတဲ့အချိန် လုံခြုံရေးရဲတပ်သားကို တွန်းပြီး ထွက်ပြေးတာကြောင့် သေနတ်နဲ့ ပစ်လိုက်တဲ့ အတွက် သေဆုံးခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာတွင် KG တန်းတက်ရောက်နေ သည့် မိန်းကလေးငယ်မှာ ကျောင်းသွားခါနီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုနေ့ ည ၉ နာရီခန့်တွင် တူးချောင်းရွာ၊ ကံမြင့်လမ်းအနီး၌ စောင်ဖြင့်ထုပ်ထားသည့် မိန်းကလေးငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရုပ်အလောင်းကို စစ်ဆေးရာ မိန်းကလေးငယ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရသည့်အပြင် ခန္ဓာကိုယ်၌ အညိုအမဲစွဲ ဒဏ်ရာများနှင့် နားကပ်ဆွဲဖြုတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်နေ့၌ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် ဇူလိုင်လ ၇ ရက်တွင် ပြစ်မှုကျူးလွန်ခဲ့ပုံများကို ပြသရန်နှင့် စွန့်ပစ်ခဲ့သည့် အဝတ်အစားများကို သိမ်းဆည်းရန် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွန်း၍ ထွက်ပြေးရန် ကြိုးပမ်း သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...