ကလေး - တမူးလမ်းမပေါ်က ခမ်းပါတ်မြို့ပေါ်ရပ်ကွက်တချို့နဲ့အနီးရှိ ကနန်ကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွား

ကလေး - တမူးလမ်းမပေါ်က ခမ်းပါတ်မြို့ပေါ်ရပ်ကွက်တချို့နဲ့အနီးရှိ ကနန်ကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွား

- ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလိန် ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ CDF-Hakha ဗဟိုကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။ 

- အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကလေး - တမူးလမ်းမပေါ်က ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်ပြီလို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ခဲ့ပေမဲ့လည်း မြို့ပေါ်ရပ်ကွက်တချို့ နဲ့ အနီးအနားက ကနန်ကျေးရွာဘက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ 

- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 

Most read this week

September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...