လမိုင်းမြို့မှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရ

လမိုင်းမြို့မှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ မေ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်လောက်မှာ ခလရ ၁၀၆ တပ်ရင်းကနေ လမိုင်းမြို့ ဘုရင့်နောင်လမ်းရှိ အသုပ်ဆိုင်မှာ တပည့်တွေနဲ့အတူ အသုပ်လာတဲ့ ဒုတပ်ရင်းမှူး ထွန်းရာကျော်ဟာ သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံခဲ့ရတာပါ။

မြို့ခံတွေရဲ့ ပြောပြချက်အရ တပည့်ဖြစ်သူ နှစ်ဦး အသုပ်ဆင်းဝယ်မှုကို ကားပေါ်မှာ တစ်ဦးတည်း စောင့်နေတဲ့ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို အမည်မသိ သေနတ်သမား နှစ်ဦးက သေနတ်နဲ့ အနီးကပ် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဒုတပ်ရင်းမှူး ထွန်းရာကျော်ဟာ နောက်ကျော၊ လည်ပင်းနဲ့တင်ပါးတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို လမိုင်းအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းထံ ညတွင်းချင်း သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို မိမိတို့အဖွဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေဘီလူးအဖွဲ့ ခေါင်းဆောင်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း ရေးမြို့နယ် ချောင်းတောင်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဝင် မောင်နိုင်ကို သူရဲ့ နေအိမ်အနီးမှာပဲ ပစ်ခတ်ရှင်းလင်းထားပါတယ်။

Most read this week

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...