မွန်မှာ စက်သုံးဆီတွေကို QR Code စနစ်နဲ့ စတင်ရောင်းချ

မွန်မှာ စက်သုံးဆီတွေကို QR Code စနစ်နဲ့ စတင်ရောင်းချ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့ စက်သုံးဆီ အရောင်းဆိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီ ဝယ်ယူခွင့်အတွက် စက်သုံးဆီဆိုင်တွေက QR Code တွေ လုပ်ဆောင် ပေးနေပြီး ယာဉ်အုပ်စုနဲ့ စက်စွမ်းအင် အပေါ် မူတည်ကာ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရရှိမယ့် စက်သုံးဆီ ပမာဏကို သတ်မှတ်ထားပါတယ်။

သတ်မှတ် ပေးထားတဲ့ ပမာဏအရ ဆိုင်ကယ် တစ်စီးလျှင် တစ်ပတ် အတွင်း ၈ လီတာကို ၂ ကြိမ် ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပြီး သုံးဘီးဆိုင်ကယ်က ၂၅ လီတာ၊ ထ‌ရော်လာဂျီက ၃၀ လီတာနဲ့ ၃ ကြိမ်စီ ဝယ်ယူရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်စီးကားနဲ့ ဌာနဆိုင်ရာယာဉ်တွေကိုတော့ ၂၀၀၀ စီစီအထိ ၃၅ လီတာ၊ ၂၀၀၀ စီစီအထက်ကနေ ၃၀၀၀ စီစီ အထိကို ၄၀ လီတာနဲ့ ၃၀၀၀ စီစီ အထက်ကိုတော့ ၄၅ လီတာကို တစ်ပတ်အတွင်း ၂ ကြိမ် ဝယ်ယူခွင့်ရမှာပါ။

နံပါတ်အနီ Taxi ကားတွေကိုတော့ ၂၀၀၀ စီစီအထိ ၉၀ လီတာ၊ ၂၀၀၀ စီစီ အထက်ကနေ ၃၀၀၀ စီစီအထိကို ၁၀၀ လီတာနဲ့ ၃၀၀၀ စီစီ အထက်ကိုတော့ ၁၁၀ လီတာကို တစ်ပတ်အတွင်း ၃ ကြိမ် ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား မော်တော်ယာဉ်တွေကိုလည်း စက်စွမ်းအားအလိုက် တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့် ရရှိမယ့် ပမာဏတွေကို သတ်မှတ်ပေးထားသလို လူမှုကယ်ဆယ်ရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နဲ့ စည်ပင် အမှိုက်သိမ်းယာဉ်တွေကိုတော့ သတ်မှတ်ချက်မထားဘဲ လိုအပ်တဲ့ ပမာဏအတိုင်း စိစစ် ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ ဆိုင်ကယ် အပါအဝင် မော်တော်ယာဉ်တွေအတွက် တစ်ပတ်အတွင်း ဝယ်ယူခွင့် ရရှိမယ့် စက်သုံးဆီ ပမာဏတွေကို သတ်မှတ် ပေးထားပေမယ့် စိုက်ပျိုးရေး လုပ်ငန်း အပါအဝင် တခြား စက်သုံးဆီကို အသုံးပြု လုပ်ကိုင် နေရတဲ့ လုပ်ငန်းတွေ အတွက်တော့ သီးခြား သတ်မှတ်ထားတာ မရှိပါဘူး။

စက်သုံးဆီတွေကို QR Code စနစ်နဲ့ စတင် ရောင်းချတာဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာရှိ Puma Power Internation Port Terminalကို အာဏာသိမ်း သမ္မတခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သွားရောက်စဉ် ညွှန်ကြားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ စက်သုံးဆီတွေကို စက်သုံးဆီဆိုင်တွေမှာ QR Code စနစ်နဲ့ စတင် ရောင်းချ ပေးနေပေမယ့် မွန်ပြည်နယ်ရဲ့ စက်သုံးဆီ ဈေးနှုန်းဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ အမြင့်ဆုံး ဈေးတန်းမှာ ဆက်ရှိ နေတာပါ။

မွန်ပြည်နယ်မှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကစလို့ လိုသလောက် ဝယ်ယူလို့ မရဘဲ အကန့်အသတ်နဲ့သာ ရရှိတာ၊ စုံ၊မ စနစ် ကန့်သတ်ချက်နဲ့သာ ဝယ်ယူရတာ၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရတာ အပြင် မကြာခဏဆိုသလို ဆီပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...