ကမ်းတက်ရန်ဟန်ရေးပြနေသော အကြမ်းဖက်စစ်တပ်နေဗီများ ကမ်းမကပ်ရဲဘဲ ရေလယ်ကိုဆုတ်ခွာသွား

ကမ်းတက်ရန်ဟန်ရေးပြနေသော အကြမ်းဖက်စစ်တပ်နေဗီများ ကမ်းမကပ်ရဲဘဲ ရေလယ်ကိုဆုတ်ခွာသွား

ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား ကမ်းကပ်ရန် ဟန်ရေးပြနေသောအကြမ်းဖက်မြန်မာစစ်တပ်၏ နေဗီများသည် ကမ်းမကပ်ရဲသည့်အပြင် ဧပြီ ၁၉ ရက်ညနေတွင် မာန်အောင်ဖက်ပင်လယ်ပြင်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်ဟု သတင်းရရှိသည်။

ဒေသခံအမျိုးသားတစ်ဦးက "ဧပြီ ၁၉ ရက် ညနေကတည်းက ရေလယ်ဖက်ကို ထွက်ခွာသွားတယ်။ စစ်ရေးအယောင်ပြနေတဲ့သဘော ထင်ပါတယ်။တကယ်တော့ ကမ်းကပ်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ သူတို့လည်း သိနိုင်မှာပါ"ဟု ပြောဆိုသည်။

စစ်အုပ်စု၏တိုက်ခိုက်ရေးနေဗီအနည်းဆုံး ၆ စီးခန့်သည် ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ် အကြား မြစ်၀သို့ ဧပြီ ၁၈ ရက်နေ့က ဝင်ရောက်လာခဲ့ပြီး ဒရုန်းများဖြင့် ကင်းထောက်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ကမ်းတပ်မည့်အနေအထားမျိုး ဟန်ပြလုပ်ဆောင်ခဲ့သည်။

အကြမ်းဖက် မြန်မာစစ်တပ်အနေဖြင့် ကမ်းတက်ရန်မှာ ထင်သလောက်မလွယ်ကူနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ပြောကြားသည်။

“ စခန်းတွေ၊ တပ်ရင်းတွေ၊ ဌာနချုပ်တွေကို ကွန်ကရစ်တွေနဲ့ အခိုင်အမာ ခံတုတ် တည်ဆောက် ထားတောင် AA ထိုးစစ်ကို မခံနိုင်ဘူး။ ဒီလိုမျိုး အင်အား နှစ်ရာ၊ သုံးရာနဲ့ ကမ်းတက်လို့တော့ အလှူပေးသလိုဖြစ်သွားမှာပေါ့” ဟု နိရဉ္စရာ သို့ ပြောဆိုသည်။

စစ်ရေယာဉ်ကြီးများမှာ ရေလယ်ကိုနောက်ဆုတ်ထွက်ခွာသွားသော်လည်းစစ်ရေးယာဉ်ငယ်တွေကတော့ ကမ်းနှင့်မနီးမဝေးတွင် ဆက်လက်လှုပ်ရှားမူတွေရှိနေသေးသည်ဟုသိရသည်။

“ ဒေသခံရေလုပ်သားတွေ အခုအချိန်ထိ အလုပ်ရပ်တန့်ထားရတယ်။နေဗီကြီးတွေကရေလယ်ကိုရောက်သွားပေမဲ့လက်နက်ကြီးရန်ကို ကြောက်နေရတယ်။စပီးဘုတ်တွေနဲ့တော့ ကမ်းနီးသွားလာမှုတော့ရှိနေသေးတယ်။ ကျေးရွာသားတွေအနေနဲ့လည်းနေဗီကပစ်မဲ့ လက်နက်ရန်ကို ကြောက်လန့်နေရဆဲ” ဟု နောက်ထပ်ဒေသခံအမျိုးသားတဉီးကလည်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရခိုင်ပင်လယ်ရေပြင်ကိုစိုးမိုးထားပြီးဒေသခံငါးဖမ်းသမားများအား မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် ကျောက်နီမော်ဒေသ ပတ်ဝန်းကျင်တွေက ရေလုပ်သားများအနေဖြင့်သတိထားပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရသည်ဟု သတင်းရရှိသည်။

July 11, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့်...
July 10, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့...
July 9, 2026
အာရက္ခတပ်တော် (AA) ကို အကြောင်းပြကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့၌ စစ်တပ်က ဟိုတယ်နှင့်...
July 8, 2026
ရခိုင်ပြည်၊ ဂွမြို့အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ...