မွန်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီတွေကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်

မွန်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီတွေကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ ကော်မတီတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဦးဆောင်ပါတယ်။

ဧပြီ ၂ ရက်နေ့အထိ မွန်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် ရေးရာကော်မတီ သုံးခု ဖွဲ့စည်းထားပြီး အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌ နေရာတွေကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ရယူထားပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာကော်မတီတွေမှာ ဥပ‌ဒေပြုရေး ဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီတို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဥပ‌ဒေပြုရေး ဆိုင်ရာ ကော်မတီနဲ့ လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ နှစ်ခုရဲ့ ဥက္ကဋ္ဌ ရာထူးကို ကြံ့ခိုင်ရေးပါတီက သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေးက ရယူထားပါတယ်။

တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရာထူးကိုတော့ ကြံ့ခိုင်ရေးပါတီက ဘီးလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းက ရယူထားတာ ဖြစ်ပါတယ်။

လွှတ်တော် ရေးရာ ကော်မတီတွေဟာ ဥပဒေပြုရေးအပါအဝင် အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ထောက်ပြအကြံပြုတာနဲ့ ထိန်းကြောင်းမှုတွေကို အဓိက လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာတော့ သက်ဆိုင်ရာ လွှတ်တော် ရေးရာ ကော်မတီတွေကို ဆက်လက်ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

မွန်ပြည်နယ် လွှတ်တော်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာနဲ့ တပ်မတော်သား ကိုယ်စားလှယ်နေရာ ၈ နေရာ၊ မွန်ညီညွတ်ရေးပါတီကတော့ ကိုယ်စားလှယ် ၇ နေရာ ရရှိထားပါတယ်။

ဒါ့အပြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင်ပါတီနဲ့ အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့ကလည်း ကိုယ်စားလှယ် ၁ နေရာဆီ၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ရှိပါတယ်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...