တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။

ယမန်နေ့ (မတ်လ ၈ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ ရဲတပ်ဖွဲ့များ နှင့် ယာဉ်ထိန်းရဲများက အသိပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လာမည့် (မတ်လ ၁၄ ရက်)မှစပြီး လစဉ် မ ရက်တွင် မ နံပါတ် ကိုယ်ပိုင် ယာဉ်များသုံးပြီး၊စုံ ရက်တွင် စုံ ရက်နံပါတ် ကိုယ်ပိုင်ယာဉ်များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများက ပြောကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ကို ပြောသည်။

“မနေ့ကတော့ လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို ရဲတွေ၊ယာဉ်ထိန်းရဲတွေက တားပြီးတော့ ရှင်းပြနေတာရှိတယ်။ သူတို့ (မတ်လ ၁၄ ရက်)ကစပြီး အဲ့လိုမောင်းရမယ်ပြောတယ်။ စည်းမျဉ်တွေအရ တကယ်လို့ ယာဉ်ထိန်းရဲတွေ စစ်မိလို့ စည်းမျဉ်ချိုးဖောက်ရင် ဒဏ်အနေနဲ့ ‌ထောင်ဒဏ်၊ငွေဒဏ်လို့ သတိပေးပြောထားတယ်။”ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုယာဉ်မောင်းနှင်ရမည့် အချက်များကို မလိုက်နာသည့် ပြည်သူများသည် ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လ၊ငွေဒဏ် ၂သောင်း ကျပ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ကျခံရမယ်ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်မှ ချပြလိုက်သည့် စုံရက်၊မရက် မော်တော်ယာဉ် မောင်းနှင် အသုံးပြုမှုသည် ပြည်သူများအတွက် အဆင်မပြေနိုင်သည့်အပြင် ထိုထုတ်ပြန်ချက်ကြောင့် အခက်အခဲများနှင့် အချိန်မျာကို နှောက်နှေးစေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“ခုချိန်ထိ စဉ်းစားလို့မရဘူး။ဘယ်နိုင်ငံတွေ ဒီလိုဥပဒေကို ထုတ်လဲ။မြန်မာတစ်နိုင်ငံပဲ ရှိမယ် ထင်တယ်။ လုပ်လိုက်ရင် မကြုံဖူးတာတွေချည်းဘဲ။အချို့ကိစ္စရှိလာရင် မထွက်လို့မှ မရတာ။ ကလေးကျောင်းကြိုကျောင်းပို့ ၊ဈေးသွား အဲ့တာတွေလည်းရှိသေးတယ်။သူတို့ ပြောသလိုလုပ်ဖို့ ဘယ်လို အဆင်ပြေမှာလဲ”ဟု ၎င်းက ပြောသည်။

သို့သော် ထုတ်ပြန်ချက်တွင် EV ကား၊ ဆိုင်ကယ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်၊ အငှားယာဉ်တွေ(TAXI) ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်၊ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးသုံးယာဉ်နှင့် လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သုံးယာဉ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေ နှင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရာတွင် ရေလမ်းကြောင်း တလျှောက် အတားအဆီး အဟန့်အတား ဖြစ်ပေါ်နေခြင်းကြောင့် စစ်ကော်မရှင်တပ်က အကြောင်းပြထုတ်ပြန်ထားသည်။

အလားတူ ကျိုင်းတုံ ၊ တောင်ကြီးမြို့နယ်တို့တွင်လည်း စုံရက်၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို စစ်ကော်မရှင်တပ် ၎င်းလက်အောင်ခံတာဝန်ရှိ ရဲတပ်ဖွဲ့များ နှင့် ယာဉ်ထိန်းရဲများက အသိပညာ ပေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...
၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...