ဗန်းမော်တွင် ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူတွင် အရေးပေါ်ဆင်းသက်

ဗန်းမော်တွင် ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူတွင် အရေးပေါ်ဆင်းသက်
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)

ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ မီးခိုးအူထွက်ပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရင်းမြစ်နှင့် KIA ထံက သိရသည်။

“ပုစဥ်း (ရဟတ်ယာဥ်) ထိတာတော့ဟုတ်တယ်။ ရွှေကူဘက်ကို။ ပျက်ကျတာတော့မဟုတ်ဘူး” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ရဟတ်ယာဉ်ပစ်ခတ်ခံရသည့် သတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးသော်လည်း ဗန်းမော်မြို့တိုက်ပွဲ၌ ဒဏ်ရာရနေသည့် ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူးတဦးကို လာရောက်ခေါ်ဆောင်သည့် ရဟတ်ယာဉ်ကို ပစ်ခတ်ရာတွင် မီးခိုးများထွက်လာပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်မှာ ဗိုလ်မှူးအဆင့်ရှိတဲ့တယောက်ထိခိုက်သွားလို့ အဲ့ဒီဗိုလ်မှူးကိုကယ်ဖို့လာတဲ့ ရဟတ်ယာဉ်လို့ပြောတယ်။ အဲ့ဒီရဟတ်ယာဉ်ကို ပြန်ပစ်တော့ မီးခိုးနဲ့ပျံထွက်သွားတယ်။ ရွှေကူနားမှာ အဲ့ဒီရဟတ်ယာဉ်ပြန်ဆင်းသွားတယ်ဆိုတဲ့ သတင်းပဲတွေ့ပါတယ်။ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

ဗန်းမော်တွင် ပစ်ခတ်ခံရသည့် ရဟတ်ယာဉ်သည် မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရွှေကူမြို့ ခလရ(၅၆) ၌ ဆင်းသက်သွားကြောင်းကိုလည်း ရွှေကူတွင် ရောက်ရှိနေသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ဗန်းမော်တိုက်ပွဲကို စစ်ကူလာသည့် ရဟတ်ယာဉ်သုံးစီးကို KIA နှင့် ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်တစီးသည် ဗန်းမော်နှင့်ရွှေကူမြို့ကြား ပျက်ကျခဲ့ပြီး တစီးသည် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

ဗန်းမော်မြို့တွင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခဲ့ပြီး တိုက်ပွဲသည် ကြာရှည်ဖြစ်ပွားနေခဲ့သည်။ ဗန်းမော်တိုက်ပွဲသည် တနှစ်ခွဲကျော်ကြာမြင့်ပြီဖြစ်ပြီး ယနေ့ထိ နှစ်ဖက်စလုံးမှတပ်စခန်းများ လက်လွှတ်၊သိမ်းပိုက်ရခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Most read this week

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...