ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်၊ တရုတ်အလံအားလုံးဖြုတ်သိမ်းခိုင်း

ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်၊ တရုတ်အလံအားလုံးဖြုတ်သိမ်းခိုင်း

ချီဖွေမြို့နယ် ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်ပြီး အခြေခံစားသောက်ကုန်တွေ ပုံမှန်အတိုင်းပြန်ဝင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပန်ဝါမြို့ကို လေကြောင်းဗုံးလာမယ်ဆိုတဲ့ သတင်းပျံ့နှံ့လာပြီးနောက် တရုတ်ဘက်က ပန်ဝါနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပိတ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် မတ်လ ၂ ရက်နေ့ကစပြီး ဂိတ်ပြန်ဖွင့်ပြီး စားသောက်ကုန်တွေ ပြန်ဝင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ပြန်ဖွင့်ပါပြီ။ စားသောက်ကုန်တွေ ပြန်ဝင်နေပြီ။ လူကတော့ ပန်ဝါထဲက တရုတ်တွေကို တရုတ်နိုင်ငံထဲ ဝင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ တရုတ်ဘက်က သူတွေကိုတော့ မြန်မာပြည်ဘက်ခြမ်းထဲ ဝင်ခွင့်မပြုထားဘူး” လို့ ပန်ဝါရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ပန်ဝါနယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံထဲမှ လူတွေ မြန်မာပြည်ဘက်ခြမ်း ဝင်ခွင့်တားမြစ်ထားပြီး မြန်မာပြည်ထဲက တရုတ်တွေကိုတော့ တရုတ်နိုင်ငံထဲဝင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်ဝန်းကျင်ကစလို့ ပန်ဝါမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးလာကြဲမယ်ဆိုတဲ့သတင်း တရုတ်ကုမ္ပဏီတွေကနေ တစ်ဆင့် သတင်းပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့လောက်ကစပြီး မြေရှားလုပ်ကွက်တစ်ချို့မှာ တရုတ်ကုမ္ပဏီတွေက မြေရှားလုပ်သားတွေကို လေကြောင်းရန်ကာကွယ်ဖို့ဆိုပြီး ဗုံးခိုကျင်းတွေ တူးဖော်ခိုင်းတာ၊ မြေရှားလုပ်ကွက်တစ်ချို့မှာ တရုတ်နိုင်ငံအလံတွေလည်း လွှင့်ထူထားအပြင် ပန်ဝါနယ်စပ်ဂိတ်ကိုလည်း ပိတ်လိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ‌တော့ ပန်ဝါမြို့တွင်း လေကြောင်းဗုံးကြဲမယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့နေပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွင့်ထူထားတယ်ဆိုတဲ့အကြောင်း KNG မှ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီနောက် ပန်ဝါကို ထိန်းချူပ်ထားတဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကနေ တရုတ်ကုမ္ပဏီတွေကို တရုတ်အလံတွေ ဖြုတ်ထားခိုင်းလိုက်တယ်လို့ ဆက်လက်သိရပါတယ်။

“အလံတွေလည်း ဖြုတ်ထားပြီလို့တော့ပြောမယ်။ ဒီရက်ပိုင်း အဲဒီ တရုတ်အလံတွေကို ဖြုတ်ထားဖို့ ညွှန်ကြားဖို့ကို KIO ကတာဝန်ရှိသူတွေ စည်းဝေးပြီးပြီလို့ သိရပါတယ်”လို့ ပန်ဝါမြေရှားသားတစ်ဦးကလည်း ပြောပါတယ်။

ပန်ဝါနယ်စပ်ဂိတ်ဟာ ချီဖွေဒေသ၊ ပန်ဝါ‌ဒေသအတွက် အဓိကလိုအပ်တဲ့  ဆန်၊ ဆီ၊ ဆား အစရှိတဲ့အခြေခံစားသောက်ကုန်တွေနဲ့စက်သုံးဆီတွေကို တရုတ်နိုင်ငံက‌နေအဓိ တင်သွင်းတဲ့ ဂိတ်ဖြစ်ပါတယ်။

ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်ထားဝာာဖြစ်ပါတယ်။

ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်ပြီး တရုတ်အလံတွေလွင့်ထူတားတဲ့မြင်ကွင်းဖြစ်ပါတယ်။ 

March 25, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ...
March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...