ဖားကန့် မြေစာပြိုကျမှုတွင် လူ ၂၀ ခန့် ပျောက်ဆုံးနေ

ဖားကန့် မြေစာပြိုကျမှုတွင် လူ ၂၀ ခန့် ပျောက်ဆုံးနေ

ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုတွင် ဖေဖော်ဝါရီ ၁၆ ရက် ည အချိန်က မြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂၀ ခန့် မြေစာအောက်တွင် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသော်လည်း လုံလောက်သည့် စက်ယန္တရားများ မရရှိသေးခြင်းကြောင့် ကယ်ဆယ်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း မြို့ခံများက ဆိုသည်။

ဖားကန့်မြို့ခံတဦးက “ညက မြေစာပြတ်ကျတာ ဟုတ်တယ်။ လောလောဆယ် အခြေနေက သေချာ ဃဂဏန မသိရသေးဘူး။ ၂၀ ဝန်းကျင်တော့ မြေစာအောက် ပိသွားတယ်လို့ ကြားထားတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

အခြားဖားကန့်မြို့ခံတဦးကလည်း “အခုမှ ရှာဖွေရေးလုပ်ဖို့လုပ်နေကြပြီ။ ၁၀ ယောက် မကလောက်ဘူး၊ ညဆိုတော့ ပြောရခက်တယ်” ဟု မဇ္ဈိမကို ယနေ့ (ဖေဖော်ဝါရလ ၁၇ ရက် ) နံနက်ပိုင်းတွင် ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့ရှိ သိင်္ဂဟလူမှုကူညီရေးနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့် စသည့် လူမှုကူညီရေးအသင်းများဖြင့် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

မှော်စီစာကျေးရွာရှိ အဲဗားကုဋေလုပ်ကွက်တွင် ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီချိန့်က ရုတ်တရက် မြေစာပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောက်စိမ်းမြေဟု တင်စားခေါ်ဝေါ်ကြသည့် ဖားကန့်တွင် မကြာခဏ မြေစာပြိုကျမှုများ ရှိခဲ့ပြီး ထိုသို့မြေစာပြိုကျမှုအတွင်း သေဆုံးခဲ့ရသည့် ရေမဆေးကျောက်ရှာသူများသည် နစ်နာကြေး မရကြကြောင်း သိရသည်။

“သေတယ်ဆိုလည်း ကျင်းသားတွေ ကားဆရာတွေဆို ကုမ္မဏီက တာဝန်ယူပေးတယ်။ ရေမဆေးလာရှာတဲ့ အပြင်လူဆိုရင်တော့ မပေးဘူး။ ဒါပေမယ့် ရတာမရတာတော့ မသိပါဘူးဗျာ” ဟု ဖားကန့်မြို့ခံ တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက် ညနေပိုင်းတွင်လည်း ဆိပ်မူ (ခ) ဆိုင်းတောင် ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာတွင် ကျောက်ကွက်စွန့်ပစ်မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ဆိပ်မူကျေးရွာမှ ကိုဇော်အောင်နှင့်ကိုအားစန်းတို့ သေဆုံးခဲ့ကြရသေးသည်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက် ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ကာ သုံးဦး ကို ပြန်လည်ရှာမတွေ့ခဲ့ကြပေ။

ဓာတ်ပုံ - ဖားကန့်ရှိ အဲဗားကုဋေလုပ်ကွက်မြေစာ ပြိုကျမှုအပြီးမြင်ကွင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ အဲဗားကုဋေ ကျောက်စိမ်းလုပ်ကွက်တွင် ဖေဖော်ဝါရီ ၁၆ ရက် ည အချိန်က မြေစာပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၂၀ ခန့် မြေစာအောက်တွင် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...