မွန်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက် မှတ်တမ်းတွေကို စစ်ကော်မရှင်က အခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ကော်မရှင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်ကြောင့်၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေ၊ ဆန္ဒမဲလက်မှတ်တွေ၊ မှတ်တမ်းတွေအပြင် ‌ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆက်စပ် ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ဖြစပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းအပါအဝင် မှတ်တမ်းအားလုံး ဖျက်ဆီးရတာဟာ သက်မှတ်ထားတဲ့ ထိန်းသိမ်းကာလ ကျော်လွန်သွားတာကြောင့် စစ်ကော်မရှင်ဘက်က အကြောင်းပြထားပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဥပဒေအကြောင်းအရ ရွေးကောက်ပွဲ တစ်ခု ကျော်ပြီး အားလုံး အတည်ပြုပြီးပါက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေ ဖျက်ဆီးလို့ ရပေမယ့် အနိုင်ရပါတီကို အာဏာသိမ်းပြီး အဖိုးတန် အချက်အလက်တွေကို ဖျက်ဆီးတာဟာ ရာဇဝတ်မှု မြောက်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ဥပဒေအရ ပြန်ကြည့်ပါက စစ်ကော်မရှင်ဟာ အစိုးရ မဖွဲ့ခင်မှာပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အထောက်အထားတွေကို ဖျက်ဆီးတာဟာ ဥပဒေနဲ့ မညီတာကြောင့် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ပါ အရေးယူနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာသုံးသပ်သူတွေကတော့ ရွေးကောက်ပွဲ မှတ်တမ်းတွေကို တည်တည်ငြိမ်ငြိမ် ပြီးသွားတဲ့ ရွေးကောက်ပွဲတွေမှာ ဖျက်ဆီးလို့ ရပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ သက်သေမှတ်တမ်းတွေကို မီးရှို့ ဖျက်ဆီးတာဟာ နောင်တချိန် အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစ မဖော်နိုင်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ မဲမသမာမှု ရှိတယ်ဆိုပြီး အကြောင်းပြကာ နိုင်ငံတော်ရဲ့ အာဏာကို သိမ်းထားတာ အခုဆိုရင် ၅ နှစ်ကျော်ကာလအတွင်း ရောက်ရှိလာပြီး ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက် မှတ်တမ်းတွေကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...