စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြော

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International၊ Fortify Rights နဲ့Human Rights Watch တို့က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပူးတွဲကြေညာထားပါတယ်။

မြန်မာစစ်အစိုးရဟာ အာဏာအလွဲသုံးစားလုပ်ကာ စစ်ဆင်ရေးတွေအပါအဝင် အဆင့်အလိုက် စီမံခန့်ခွဲထားတဲ့ ရွေးကောက်ပွဲကတဆင့် အုပ်ချုပ်မှု အာဏာ တည်မြဲစေဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပါတီတွေရဲ့ ရွေးကောက်ပွဲ အောင်ပွဲကို သေချာစေဖို့ လိမ်လည်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုမြင့်မားလာပြီး အထွေထွေ အကျပ်အတည်းတွေဟာ ၆ နှစ်မြောက်ကို ရောက်ရှိလာတာနဲ့အမျှ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံမှုနဲ့ တရားမျှတမှုကို ရင်ဆိုင်ရမယ်လို့ Fortify Rights က လူ့အခွင့်အရေးကျွမ်းကျင်သူ အီဂျက်ဇ်မင်ခန်က ပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်အစိုးရဟာ နိုင်ငံရေးပါတီ ဒါဇင်ပေါင်းများစွာကို စနစ်တကျပိတ်ပင်ခဲ့သလို နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒါ့အပြင် စစ်အစိုးရက ဇူလိုင်လမှာ အတည်ပြုခဲ့တဲ့ “ရွေးကောက်ပွဲကာကွယ်မှု” ဥပဒေအောက်မှာ လူပေါင်း ၄၀၀ ကျော်ကို တရားဥပဒေအရ အရေးယူခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ ဘယ်အပိုင်းကိုမဆို အနှောင့်အယှက်ဖြစ်စေတဲ့ ဟောပြောပွဲ၊ စည်းရုံးရေး ဒါမှမဟုတ် ဆန္ဒပြမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီ စစ်ဆင်ရေးတွေအတွင်း စစ်အစိုးရဟာ အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တာကြောင့် ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံနဲ့ စစ်ဘေးရှောင်စခန်းတွေ ထိမှန်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အတိုက်အခိုက်အခံ ပါတီအားလုံးကို ချေမှုန်းဖို့၊ အရပ်သားအုပ်ချုပ်မှု ပြန်လည်ထူထောင်တာကို လမ်းကြောင်းလွဲစေဖို့နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံတော်ကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ လူ့အခွင့်အရေးသုံးဖွဲ့က ထောက်ပြထားပါတယ်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...