ကရင်မှာ စစ်တပ်က သံချပ်ကာကားတွေအပါအဝင် အင်အားအများအပြား ထပ်မံဖြည့်တင်း

ကရင်မှာ စစ်တပ်က သံချပ်ကာကားတွေအပါအဝင် အင်အားအများအပြား ထပ်မံဖြည့်တင်း
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊ တပ်အင်အားအများအပြား ထပ်မံဖြည့်တင်းလာနေတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က သံချပ်ကာကားတွေနဲ့ လက်နက်ကြီးတွေပါဝင်တဲ့ စစ်ကော်မရှင်တပ် အင်အားအများအပြားဟာ ကရင်ပြည်နယ်စစ်ဆင်ရေးအတွက် အင်အားဖြည့်တင်းလာနေတာ ဖြစ်ပါတယ်။

အဲဒီ စစ်ယာဉ်တန်းတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဘားအံမြို့နယ်ထဲကို ရောက်ရှိလာပြီး မြဝတီ၊ လှိုင်းဘွဲမြို့နယ်တွေဘက်ကို ရှေ့ဆက်သွားရောက်ဖို့ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အင်အားဖြည့်တင်းမှုဟာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင် အားစုတို့နဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအပြင် တင်းမာမှုရှိနေတဲ့ KNA တပ်အပေါ်မှာလည်း စစ်ရေးအရ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် အခုလိုတပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းသွားခဲ့တာကြောင့် စစ်ကော်မရှင်တပ်နဲ့ KNA တို့ကြားမှာလည်း တင်းမာမှုတွေဖြစ်ပေါ်နေတဲ့အပြင် မြဝတီမြို့တွင်းထဲကနေပါ ထွက်ခွာသွားဖို့ စစ်ကော်မရှင်တပ်က သတိပေးထားပါတယ်။

ဒါ့အပြင် KNA ဂိတ်စခန်းအချို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နယ်စပ်ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှာရှိနေတဲ့ ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်အစပ်က KNA ဂိတ်စခန်းတွေကိုလည်း ဖြုတ်သိမ်းပေးပြီး ဖယ်ရှားပေးဖို့ စစ်ကော်မရှင်တပ်က ဖိအားပေးလုပ်ဆောင်လာနေပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း မြဝတီမြို့နယ် ဖလူးဒေသမှာ စစ်ကော်မရှင်တပ်နဲ့ တော် လှန်ရေးအင်အား စုမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တစ်နေ့လုံးနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကော်မ ရှင်တပ်က အင်အားပြင်းထန်တဲ့ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...