ကောင်ဂျာရွာလေကြောင်းတိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ လသားကလေးအတွက် အကူအညီလိုအပ်

ကောင်ဂျာရွာလေကြောင်းတိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ လသားကလေးအတွက် အကူအညီလိုအပ်

ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ် ကလေးငယ်အတွက် နို့ဘူး၊ Diaper(ဒိုက်ပါ)၊ အဝတ်အစား၊ နို့၊ အာဟာရ စတဲ့ အကူအညီတွေ လိုအပ်လျက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်မြို့တစ်ဖက်ကမ်း ကောင်ဂျာရွာမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်ရဲ့ မိဘနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးပြီးတော့ ဒဏ်ရာရရှိသူ ၂၈ ဦး(ကလေးငယ်အပါ) လောက် ရှိခဲ့ပါတယ်။

ကလေးငယ်ဟာ ဦးခေါင်း၊ ပေါင်တွေမှာ ဗုံးစထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ကလေးရဲ့ ခေါင်းနဲ့ ပေါင်မှာ ကျည်စကျန်သေးတော့ အဲဒါကို ထုတ်ဖို့အတွက် Computer CT Scan လုပ်ရမယ် ပြောတယ်။ "လို့ ပြောပါတယ်။

ကလေးငယ်လေးဟာ မောင်နှစ်မ ၇ ယောက်ရှိတဲ့အထဲ အငယ်ဆုံးဖြစ်ပြီး လက်ရှိဆေးကုသနေချိန် အသက် ၁၅ နှစ်အရွယ် အစ်မလတ်နဲ့ အစ်ကိုလတ်တို့က ကြည့်ရှုစောင့်ရှောက်ပေးနေတယ်လို့ သိရှိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာမှာတင် သေဆုံးသူ ၁၈ ဦးရှိတဲ့အပြင် ဆေးရုံကို ပို့ဆောင်ချိန် လမ်းခုလတ်မှာ ၃ ဦးနဲ့ ဆေးရုံအရောက်မှာ ၂ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၃ ဦး ရှိခဲ့တာပါ။

ဒါ့အပြင် ဒဏ်ရာရရှိသူ ၂၈ ဦးရှိပြီး အဲဒီအထဲက အယောက် ၂၀ ကိုတော့ ဆေးရုံတင် ကုသပေးနေတယ်လို့ ထပ်မံသိရှိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးဌာနက The Kachin Net သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ နာရေးအိမ် လူစုဝေးနေချိန်ဖြစ်တာကြောင့် သေဆုံးသူများပြီး ထိခိုက်သူတွေများတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကောင်ဂျာရွာအတွင်း ဒေသခံပြည်သူတွေသာမက ဗန်းမော်တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ ပြည်သူတွေလည်း ခိုလှုံနေကြတာ ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...