စစ်သုံ့ပန်း ၅၀၀ ကျော်ကို MNDAA လွှတ်ပေး

စစ်သုံ့ပန်း ၅၀၀ ကျော်ကို MNDAA လွှတ်ပေး

ဇာမဏီလင်းမောင် — ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၅၀၀ ဦးနှင့် အကျဉ်းသားကိုးဦးတို့ကို ယမန်နေ့ ( ဇန်နဝါရီ ၂၅ ရက် )တွင် ထပ်မံလွတ်ငြိမ်းခွင့်ပြုလိုက်သည်။

တရုတ်ရိုးရာ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ “တာကျောင်” မဟာပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

စစ်သုံ့ပန်း ၅၀၀ ဦး နှင့် ပြစ်မှုသေးငယ်သည့် အကျဉ်းသား ကိုးဦးကို လွှတ်ပေးခဲ့ပြီး အခြားအကျဉ်းသား ၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း ကိုးကန့်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်ငြိမ်းခွင့်ပေးသူများမှာ ချုပ်နှောင်ထားစဉ်အတွင်း အကျင့်စာရိတ္တကောင်းမွန်သူများကို စနစ်တကျစိစစ်၍ လွှတ်ပေးခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။

MNDAA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကော်မရှင် ဗိုလ်ချုပ်စိုးတင့်နှင့် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် စစ်သုံ့ပန်းထောင်ချီကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အနက် ဒဏ်ရာရရှိသူများ၊ အမျိုးသမီးနှင့် ကလေးငယ်များကို လူသားချင်းစာနာမှုဖြင့် အကြိမ်ကြိမ် ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ယခင်လွတ်မြောက်သွားသည့် အဆင့်မြင့်အရာရှိအချို့ဖြစ်သော ဗိုလ်မှူးချုပ် သန့်ထင်စိုး နှင့် ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့သည် လက်ရှိတွင် အရပ်သားများအပေါ် ဖိနှိပ်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ပြန်လည်ပါဝင်ပတ်သက်နေကြောင်း တော်လှန်ရေးအင်အားစုများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနစ် ဧပြီလတွင် တရုတ်အစိုးရ၏ ဖိအားကြောင့် သိမ်းပိုက်ထားသော လားရှိုးမြို့ ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ ထို့အပြင် ၂၀၂၆ ဇန်နဝါရီလတွင် MNDAA က ၎င်းတို့ထိန်းချုပ်ထားသော လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီ နှင့် မုံးကိုး ဒေသများကို စုစည်း၍ ခရိုင် လေးခု၊ မြို့တော် တခု ဖြင့် ကိုးကန့်အထူးဒေသ (၁) အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာထားသေးသည်။

ဓာတ်ပုံ – MNDAA က ၂၀၂၄ ခုနစ်၊ သြဂုတ်လကုန်ပိုင်းတွင် စစ်သုံ့ပန်းများကို ပြန်လွှတ် ပေးရန် ပြင်ဆင် နေစဥ်။ ( MNDAA)

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...