ထိုင်းတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများကို ထိုင်းရဲဖမ်းဆီးမှု မဟုတ်မှန်

ထိုင်းတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများကို ထိုင်းရဲဖမ်းဆီးမှု မဟုတ်မှန်

Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန် ထိုအကောင့်မှ လှုံ့ဆော်ထားသည်။

မူးရင်းလင့်ခ် – https://shorturl.at/w6PbC

လူမှုကွန်ရက်စာမျက်နှာပေါ်က ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူက စစ်ဆေးကြည့်ခဲ့ပါသည်။ အဆိုပါ အကြောင်းအရာသည် မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစစ်ဆေးချက်

စစ်ဆေးတွေ့ရှိချက်အရ ဇန်နဝါရီလ ၁၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိုင်းပစ္စည်းပို့သမားများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား အမည်ခံပြီး မြန်မာနိုင်ငံသားများက ဆိုင်ဖွင့်ဈေးရောင်းနေသည်ဟု တိုင်ကြားချက်များရရှိသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရှာဖွေဖမ်းဆီးနေခြင်း ဖြစ်သည်။

Dawei Watch ကဖော်ပြထားသောသတင်း – https://www.daweiwatch.com/16/01/2026/124733/

ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှု ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဒေသန္တရဥပဒေနှင့် စည်းမျဉ်းများကို အလေးထားလိုက်နာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန် သတိပေးလိုက်သည်။

ထုတ်ပြန်ချက် – https://shorturl.at/SBKUE

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အမိန့်စာ ထုတ်ပြန်ခဲ့သည်။

SHAN News မှဖော်ပြထားသောသတင်း – https://burmese.shannews.org/archives/51505

သုံးသပ်ချက်

အထက်တွင် ဖော်ပြခဲ့သော အချက်များနှင့် စိစစ်ကြည့်လိုက်သောအခါ NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုသည့် ဖော်ပြချက်သည် လိုရာဆွဲရေးသားဖော်ပြထားသည့် အကြောင်းအရာ အမှားဖြစ်နေသည်ကိုတွေ့ရှိရသည်။

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသား အမည်ခံပြီး နိုင်ငံခြားသားများက ဆိုင်ဖွင့်ဈေးရောင်းနေသည်ဟု တိုင်ကြားချက်များရရှိသဖြင့် ထိုင်းအာဏာပိုင်းများက တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးနေခြင်း ဖြစ်သည်။

စာဖတ်သူများအနေဖြင့်လည်း ယခုလို ဒီဂျစ်တယ်လုံခြုံရေးနှင့် ပတ်သက်၍ သိရှိလိုသည်ဖြစ်စေ၊ သတင်းတု/သတင်းမှား စစ်ဆေေးပေးစေလိုသော သံသယဖြစ်ဖွယ် သတင်းအချက်အလက်များ ရှိလာသည်ဖြစ်စေ MNFC နှင့် MFCN အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့်၏ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသည့် သတင်းများကိုလည်း အောက်ပါ ဖော်ပြထားသော လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...