တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်ရဲ့ ညောင်ပင်ကွင်းကျေးရွာအ ခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ မုတ်ဆိတ်ကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာတဲ့ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က မုတ်ဆိတ်ကွင်းကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တာလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပနပ်ငယ်ကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...
January 28, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ...
January 27, 2026
စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး...
January 26, 2026
စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ၅ နှစ်ဝန်းကျင် ကာလအတွင်း ဒေသတွင်းက လူငယ်ထုကြားမှာ တရားမဝင်...