တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ

တနင်္သာရီမှာ လက်နက်ကြီးကျလို့ အရပ်သားသုံးဦး ထိမှန်ဒဏ်ရာရ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မုတ်ဆိတ်ကွင်းကျေးရွာထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ် ခတ်မှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်ရဲ့ ညောင်ပင်ကွင်းကျေးရွာအ ခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ မုတ်ဆိတ်ကွင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာတဲ့ ကလေးငယ်ဟာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောပြချက်အရ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က မုတ်ဆိတ်ကွင်းကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တာလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ပနပ်ငယ်ကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...