ကျိုက်ထိုမှာ ပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုနဲ့ အမျိုးသား လေးဦး အမှုဖွင့်ခံရ

ကျိုက်ထိုမှာ ပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှုနဲ့ အမျိုးသား လေးဦး အမှုဖွင့်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးမှု စွပ်စွဲချက်နဲ့ အမျိုးသား လေးဦးကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ စိုက်ထူထားတဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား နှစ်ဦးက ဓားနဲ့ လှီးဖြဲဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ စိုက်ထူထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို အမျိုးသား နှစ်ဦးက ထပ်မံဖျက်ဆီးသွားတာပါ။

ဒါကြောင့် အမည်စုံစမ်းဆဲ အမျိုးသား လေးဦးကို ကျိုက်ထိုမြို့မရဲစခန်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၄(ခ)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ဘက်က အမှုဖွင့်အရေးယူထားတဲ့ ဥပဒေ ပုဒ်မ ၂၄(ခ)အရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းပါ စာရွက်ဆုတ်ဖြဲမှု စွပ်စွဲချက်နဲ့ အသက် ၆၅ နှစ်အရွယ် ဒေသခံ ဦးကျော်မြင့်ကို စစ်ကော်မရှင်က ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။

Most read this week

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...