ချောင်းဦးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်က ဒေသခံ ၃ ဦးကို သတ်ဖြတ်

ချောင်းဦးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်က ဒေသခံ ၃ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က ဒေသခံအမျိုးသားသုံးဦးကိုသတ်ဖြတ်ကာ ကျီကုန်းကျေးရွာတွင်တပ်စွဲနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်စစ်ကြောင်းတွင် ခန့်မှန်းအင်အား ၄၀၀ ခန့်ပါရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ချောင်းဦးမြို့မှ သုံးမိုင်ခန့်အကွာရှိ ကျီကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

“ဒေသခံ အမျိုးသားသုံးဦးသတ်ခံရတာ အတည်ပြုလို့ရပါတယ်။ ဘယ်ကျေးရွာတွေက ဘယ်သူတွေ လည်းဆိုတာတော့ မသိရသေးပါဘူး” ဟု ချောင်းဦးဒေသခံ အမျိုးသားတဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် ချောင်းဦးမြို့နယ် ကျီကုန်းရွာကို ဒီဇင်ဘာ ၈ ရက်နေ့တွင် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ထပ်မံတပ်စွဲနေကြောင်း သိရသည်။

“ကျီကုန်းက အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ အိမ်ခြေစိပ်တဲ့နေရာက ပိုပြီးများပါတယ်။ စုစုပေါင်း မီးရှို့ခံရတာ သုံးကြိမ်ရှိပါပြီ။ မနေ့ကရှို့ခံရတဲ့ မီးညွှန့်တွေကိုကြည့်ရင် တရွာလုံးနီးပါး ပျက်စီးနိုင်တယ်” ဟု ဒေသခံ အမျိုးသားတဦးက မဇ္စျိမကို ပြောသည်။

စစ်ကော်မရှင်တပ်က အင်အားအများအပြားဖြင့် ချောင်းဦးမြို့နယ် အနောက်ခြမ်းနှင့်မြောက်ခြမ်းကို နှစ် ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရပြီး နေ ထိုင်ရေး အခက်အခဲများရှိနေကြောင်း သိရသည်။

“စစ်ရှောင်အများစုက လယ်ကွင်းတွေ၊ လမ်းဘေးတွေမှာ စစ်ရှောင်နေကြရပါတယ်။ ဆောင်းဝင်လာ တော့ ညဘက်တွေ တအားအေးလာတယ်။ ကလေးတွေနဲ့ ၊ သက်ကြီးရွယ်အိုတွေအတွက် အခက်ကြုံရ တယ်။ စောင်နဲ့ အနွေးထည်တွေလိုအပ်တယ်” ဟု ချောင်းဦးဒေသခံတဦးက ဆိုသည်။

စစ်ကော်မရှင်တပ်က ခြေလျင်စစ်ကြောင်းအပြင် လေကြောင်းမှ စက်တပ်လေထီး၊ ဂျိုင်ယိုကော်ပတာ များဖြင့်ပစ်ခတ်ကာ ရေကြောင်း၊ ကုန်းကြောင်းမှ စစ်အင်အား ဖြည့်တင်းမှုများပြုလုပ်ပြီး စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...