ဝက်လက်တွင် ညဉ့်နက်သန်းခေါင် လေကြောင်းတိုက်ခိုက်မှု ၂ နှစ်အရွယ်ကလေးအပါ မိသားစု ၅ ဦးစလုံးသေဆုံး

ဝက်လက်တွင် ညဉ့်နက်သန်းခေါင် လေကြောင်းတိုက်ခိုက်မှု ၂ နှစ်အရွယ်ကလေးအပါ မိသားစု ၅ ဦးစလုံးသေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က ညဉ့်သန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ်တည့်တည့် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တွင်းရှိ အသက် နှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် မိသားစုဝင် ငါးဦးစလုံး သေဆုံးသွားကြောင်း Wetlet Information Network အဖွဲ့ ထံမှ သိရသည်။

ယနေ့(ဒီဇင်ဘာလ ၂ ရက်)မနက် ၁၂ နာရီ ၆ မိနစ်အချိန်တွင် တံတားဦး လေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချသွားခြင်းဖြစ်ကြောင်း Wetlet Information Network အဖွဲ့တာဝန်ခံ ကိုနဂါးလေးက ပြောသည်။

၎င်းက “ရွာထဲ ကိုတည့်တည့်ပစ်တာ ဗုံးသီးကျတဲ့ အိမ်က မိသားစုအကုန် သေဆုံးသွားတယ်၊ အိမ်လည်း ပျောက်ထွက်သွားတာ အဲ့အိမ် ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေလည်း ပျက်စီးကုန်တယ်” ဟု ပြောသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရှိုင်းကို (အသက်၂၅နှစ်)နှင့်ဇနီးဖြစ်သူ မစုမြတ်လင်း ( (အသက် ၂၄နှစ်) သမီးဖြစ်သူ ရွှေပုံစံ (အသက် နှစ်နှစ်)၊ (အသက် ၂၁နှစ်) မောင်မာင်ဝင်း (အသက် ၂၁နှစ်)၊ ရန်နိုင်ဝင်း (အသက် ၄၀နှစ်) တို့ သေဆုံးခဲ့ကြရကြောင်း သိရသည်။

ထို့အပြင် နောက်ထပ် ကလေးငယ် နှစ်ဦးအပါ ဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ငါးလုံးလည်း ပျက်စီးခဲ့ရကြောင်း ကိုနဂါးလေးက ပြောသည်။

“ကလေးနှစ်ယောက်မှာ တဦးက မျက်လုံးမှန်တယ်။ တဦးက ခေါင်းမှန်တယ်။ ကျန်တာကတော့ လူကြီးပိုင်းတွေလို့ သိရတယ်” ဟု ပြောသည်။

နတ်မှော်ဦး ကျေးရွာသည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာ၀တီမြစ်ကမ်းနံဘေးတွင် တည်ရှိသည့် ကျေးရွာ တခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ များ၏ စခန်းများလည်း မရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ အရပ်သား ပြည်သူများ ညအိပ်ချိန်တွင် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ပြည်သူများကို ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှု ကျူးလွန်ုခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ ကလည်း စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ်၊ အောင်ချမ်းသာရွာသစ်တွင် ရှိသည့် အမျိုးသမီး တဦး သေဆုံးခဲ့သည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...