ကျောက်တော် ကြောင်ဖိုရွာ ဗုံးကြဲခံရ၍ အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရ

ကျောက်တော် ကြောင်ဖိုရွာ ဗုံးကြဲခံရ၍ အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာ ယနေ့နံနက်က မြန်မာလေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား အမျိုးသမီးငယ် ငါးဦးအပါအဝင် ခုနစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၁ဝ ဦးဒဏ်ရာရကာ နေအိမ် ၄ ဆောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ယခုသေဆုံးမှုသတင်းကို အေအေနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှတဆင့် သိရှိရသည်။

နိရဉ္စရာကစုံစမ်းသိရှိချက်အရ ကြောင်ဖိုရွာမှ သေဆုံးသူများတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးငယ်ငါးဦးနှင့် နောက်ထပ်တစ်ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူများတွင် အမျိုးသမီးနှစ်ဦး၊ အမျိုးသားငါးဦးနှင့် ကလေးများလည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကြောင်ဖိုရွာမှာ ထိသွားတယ်။ အကုန်လုံး အသက်ငယ်ပိုင်းတွေချည်းပဲ ထိသွားတာပါ" ဟု ပြောသည်။

မြန်မာအကြမ်းဖက်လေတပ်က ကျောက်တော်မြို့နယ်ရှိ နေရာသုံးခုကို ယနေ့နံနက် ၁ဝ နာရီ ၄ဝ မိနစ်မှ ၁ဝ နာရီ ၄၅ မိနစ်ကြားတွင် တပြိုင်တည်း ဗုံးလာကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဗုံးကြဲခံရသည့်နေရာများမှာ ကန်စောက်ရွာအနီး၊ နန်းတက်ရွာအနီးနှင့် ပြောင်းဆိပ်ရွာဘက်တို့ဖြစ်သည်ဟု မျက်မြင် ဒေသခံအမျိုးသမီးတစ်ယောက်က နိရဉ္စရာကို ပြောသည်။

“နန်းတက်ဘက်မှာတစ်လုံး၊ ကြောင်ဖို ရွာဘက်မှာတစ်လုံး။ ဘယ်နေရာကျလဲ အတိအကျတော့ မမြင်လိုက်ရဘူး။ ချတာက အဲဒီဘက်ကကြားလိုက်ရတယ်။ နောက်တစ်လုံးက ကန်စောက်အမြောက်တပ်ဘက်ကိုတစ်လုံးချတယ်။ မီးခိုးထွက်တာကိုပါ မြင်လိုက်ရတယ်”ဟု ပြောသည်။

လက်ရှိတွင် ကြောင်ဖိုကျေးရွာမှ ထိခိုက်သေဆုံးသူများ၏စာရင်းသာထွက်ပေါ်လာပြီး ကျန်နေရာများ၏ အခြေအနေများကို မသိရှိရသေးပါ။

နောက်ဆက်တွဲ ထူးခြားသည့်သတင်းရရှိပါက ဆက်လက်တင်ပြပေးပါမည်။

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာနှင့် နန်းတက်ဘုရားသိမ်အကြားရှိ အခမဲ့ ကွန်ပျူတာကျောင်းဟောင်း အနီးကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်၊ ညနေ ၄ နာရီတွင် အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဆယ်မိနစ်ခြား နှစ်ကြိမ်လာရောက်ဗုံးကြဲခဲ့ရာ အရပ်သားအမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...