ကချင်ပြည်နယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၂၄ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်မှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၂၄ ကြိမ်ဖြစ်ပွား

ဗန်းမော်၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာလ ၂၃ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ တစ်ဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဗန်းမော်မြို့ဘက် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး/ငယ်တွေနဲ့ နေ့တိုင်း ပစ်ခတ်တိုက်ခိုက်တာရှိတယ်လို့ ဖော်ပြထားပြီးတော့ စစ်ကောင်စီဘက်က လေယာဉ် ဗုံး၂၃၀ ကြိမ်၊ ဒရုန်းဗုံး ၁၁၄ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၃၉၈ ကြိမ်လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗန်းမော် စစ်မျက်နှာပြင်၊ ဝိုင်းမော်မြို့၊ လမြန်နယ်မြေတွေဘက်ကို လေကြောင်းနဲ့ အများဆုံးတိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၁၁ နယ်မြေဘက်ပါ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗန်းမော်စစ်မျက်နှာပြင်ဘက်မှာတော့ စစ်ကော်မရှင်တပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် တစ်ပတ်အတွင်း ခုခံတိုက်ပွဲ ၁၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

ဒါ့အပြင် စစ်ကော်မရှင်ဘက်က ခြေလျင်စစ်ကြောင်းထိုးနေဆဲ ဖြစ်ပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တဲ့အတွက် ဗန်းမော်ဘက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဝိုင်းမော်၊ လမြန်စစ်မျက်နှာပြင်ဘက်လည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲ ၂ ကြိမ်ရှိခဲ့ပြီး မြစ်ကြီးနားဘက်အခြမ်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာ၊ လေယာဉ်နဲ့ တိုက်ခိုက်တာ နေ့တိုင်းရှိတယ်လို့ ဆိုထားပါတယ်။

အခုလို တိုက်ခိုက်တာကို KIA ပူးပေါင်းအဖွဲ့ကနေ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရှိရသလို KIA ပူးပေါင်းအဖွဲ့ဘက်ကလည်း‌‌ သေဆုံးမှုရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်းကလည်း အထက်ပါဒေသတွေမျာ တိုက်ပွဲပေါင်း ၅၇ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...