သရက်ချောင်း မင်းဒပ်ကျေးရွာရှိ နေအိမ်များကို စစ်တပ် မီးရိူ့ဖျက်ဆီး

သရက်ချောင်း မင်းဒပ်ကျေးရွာရှိ နေအိမ်များကို စစ်တပ် မီးရိူ့ဖျက်ဆီး
Photo credit - social media
Photo credit - social media

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အောက်ပိုင်းသို့ စစ်ကြောင်းထိုး နေသည့် စစ်တပ်က မင်းဒပ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဒေသဘက်သို့ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်းဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ယခုလို မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်ဟု မင်းဒပ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“စကစက မီးရိူ့နေတာ၊ ရွာသားတွေ စစ်ရှောင်နေတော့ စိတ်ကြိုက်ကို မီးရိူ့နေတာ။ ရွာထဲကိုပြန်ဝင်ဖို့ကလည်း လမ်းမှာ စစ်ကြောင်းနဲ့တိုးမှာ စိုးရိမ်တဲ့အတွက် မပြန်ကြတာတွေလည်း ရှိတယ်။ မင်းဒပ်ရွာက ပြီးခဲ့တဲ့ မေလကုန် ကတည်းက စစ်ကြောင်းထိုးလိုက် တပ်စွဲလိုက် လုပ်ခံထိတဲ့နေရာဖြစ်တယ်။ အိမ်ဘယ်နှစ်လုံး ပါသွားလည်း ဆိုတာ ကိုတော့ စုံစမ်းနေတုန်းပါဘဲ”ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယအပတ်တွင် သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာနှင့် ကတွဲကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၂၂ရက်နေ့တွင်လည်း ဘုတ်တောင်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် ဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကြား ဝဲရစ်ရွာနှင့် ကမြိုင်ရွာကြားတွင် တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများလည်းရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“စစ်ကြောင်းက အောက်ဘက်ပိုင်းကို အဓိကထိုးနေတော့ တိုက်ပွဲငယ်တွေဖြစ်တာ ရှိတယ်။ ရွေးကောက်ပွဲ အတွက် နယ်မြေရှင်းလင်းတယ်လို့ ယူဆရတယ်။ နှစ်ဖက် စစ်ရေးတင်းမာမှုမျိုးထက် နှစ်ဖက်တိုက်ပွဲ ရက်ရှည် ဖြစ်ပွားလာနိုင်တဲ့ အခြေနေမှာ ရှိနေပါတယ်”ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံသောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အပြင် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...
April 8, 2026
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး...
Photo: CJ
April 7, 2026
ကရင်ပြည်နယ်ကိုဖြတ်သန်း၍ မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)...
April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...