သရက်ချောင်းတိုက်ပွဲကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေ

သရက်ချောင်းတိုက်ပွဲကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်လမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ခရီးသွားကား ထောင်နဲ့ချီ ပိတ်မိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ခရီးသွားတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲကို စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အကြားက ပြင်းဖြူကြီး၊ ချောက်ချောင်း၊ စုံစင်ဖျား၊ ဝင်းဝ၊ မင်းဒပ်၊ ရငဲ၊ ဘုတ်တောင်နဲ့ ဆင်ထိုးကြီးရွာအထိ ခရီးသွားကားအစီးရေ တစ်ထောင်နီးပါး ပိတ်မိနေပါတယ်။

လမ်းပိတ်နေတာကြောင့် ခရီးသွားတွေမှာ လမ်းစရိတ်ပြတ်လပ်တာ၊ အစားအသောက်နဲ့ ရေအခက်ခဲတွေ ဖြစ်ပေါ်နေသလို ကုန်တင်ယာဉ်ပေါ်က ပုတ်ကုန်ပစ္စည်းတွေမှာလည်း ပျက်စီးလာလို့ ပစ်ချရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

ဒါ့အပြင် အရေးပေါ် လူနာတင်ယာဉ်တွေလည်း ဖြတ်သန်းခွင့်မပေးတာကြောင့် ထားဝယ်ကို ဆေးကုသွားမယ့်သူတွေ ရေလမ်းကနေ သွားလာနေကြရလို့ ဒုက္ခကြုံနေရတာပါ။

သရက်ချောင်းမြို့နယ် တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။

ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...