ကျောက်ဖြူသိုင်းချောင်းအနီး AA နှင့် စစ်တပ်တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေ

ကျောက်ဖြူသိုင်းချောင်းအနီး AA နှင့် စစ်တပ်တို့အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေ

ကျောက်ဖြူမြို့နယ် သိုင်းချောင်းရွာနှင့် ချောင်းဝကျေးရွာအကြားတွင် အာရက္ခတပ်တော်(AA)နှင့် အကြမ်းဖက် စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်နေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

“ဖြစ်နေတာ မနေ့ညကနေ ဒီနေ့ထိ ဖြစ်နေတုန်းဘဲ။ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ် အကုန်ပါတယ်။ နေဗီက ပစ်ကူပေးနေတယ်။ စစ်တပ်က ထိုးစစ်ဆင်နေသလို AA ကလည်း ခံစစ်ကနေ ပြန်ထိုးစစ်ဆင်တယ်။ ဒီအတွက် တိုက်ပွဲက ပြင်းထန်နေတယ်” ဟု ပြောသည်။ 

အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြည်၊ ရေ၊ လေ စစ်ကူယူပြီး တိုက်ခိုက်နေသော်လည်း နယ်ကျွံလာသည့် စစ်ကြောင်းများကို အပိုင်ရသည့် နေရာများမှ AA က ဖြတ်တောက် တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“AA နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန်မှာ AA ထိန်းချုပ်ထားတဲ့ သိုင်းချောင်းကျေးရွာကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီလော်ဘီတွေက ကြွေးကြော်နေပေမယ့်လည်း မြေပြင်အခြေနေက သူတို့ သတင်းတင်သလို မဟုတ်ဘူး။ စစ်ကြောင်းထိုး နယ်ကျွံလာတဲ့ စစ်ကြောင်းတွေ AA ရဲ့ သက်ကွင်းထဲမှာ ကျသွားတာ အများကြီးပါဘဲ” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ အချိန်ထိ သိုင်းချောင်းအနီး၀န်းကျင်တွင် နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲ အခြေအနေနှင့် နှစ်ဖက် အထိအခိုက် အကျအဆုံးကို မသိရသေးဟု ၎င်းကဆိုသည်။

တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်ပွဲဧရိယာထဲတွင် ပါဝင်နေသည့် ချောင်းဝ၊ မှင်းခုံတိုင်၊ သိုင်းချောင်း၊ မင်းပြင်ကျေးရွာတို့တွင် စစ်တပ်က ဒရုန်းအပါအဝင် မြေပြင်နှင့် ရေပြင်ကပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ကျေးရွာများရှိ နေအိမ်အချို့ ပြိုပျက်မူရှိသည်ဟုလည်း ၎င်းက ပြောသည်။

“နေဗီ လက်နက်ကြီးနဲ့ ပစ်တယ်။ ဂျက်နဲ့ ဒရုန်းကနေ ဗုံးကြဲတယ်။ လက်နက်ကြီးအစုံပစ်နေတာ နေ့ရော ညပါ ပစ်နေတာ။ ရွာတွေထဲကျပြီး နေအိမ်ပျက်စီးမှု ရှိနေတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ စစ်ကောင်စီသည် သဘာဝဓာတ်ငွေ့နှင့် ရေနံတင်ပို့ရာ မဒေးကျွန်းအနီး မြစ်ထဲတွင် ရေတပ်သင်္ဘောများ အပြည့်ချထားပြီး ၎င်းနေဗီများအပါဝင် အုန်းကျွိန်ရေတပ်က ပါလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချမူကြောင့် မရိုင်ဇိုင်းကျွန်း၊ မြို့ချောင်းကျွန်းနှင့် အနီးအနာရှိ ကျေးရွာများမှလည်း လက်နက်ကြီး၊ ဒရုန်းဗုံး ကျရောက်မည်ကို စိုးရိမ်မှုကြောင့် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...