စဉ့်ကူးမှာ စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

စဉ့်ကူးမှာ စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး
Photo credit - CJ
Photo credit - CJ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မာလဲကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ငါးဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြင်ဦးလွင်ခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ထံက ယနေ့(နိုဝင်ဘာ ၁၃ ရက်)တွင် သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်)ညနေ ၅ နာရီ အချိန်တွင် တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်လေတပ်က ကြဲချသွားသည့် ဗုံးများသည် စာသင်ကျောင်းပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းဆောင်အပါအဝင် အဆောက်အဦး သုံးလုံးလည်း ပျက်စီးသွားကြောင်း သိရသည်။

“မတ္တရာဖက်က စစ်ရှောင်လာတဲ့ သူတွေလို့ သိရတယ် ။ သေတဲ့အထဲ ယောက်ျားတွေရော မိန်းမတွေ ရော ပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ကော်မရှင်တပ်က သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် စစ်ကော်မ ရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တွေအကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် စဉ့်ကူးမြို့နယ်ဘက်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူအများအပြား ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ကလည်း စဉ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မတ္တရာနယ်ဘက် မှ ရောက်နေသည့် စစ်ဘေးရှောင် လေးဦးလည်း သေဆုံး ခဲ့ရသည်။

July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...
June 30, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ်မီး နှစ်နှစ်ကျော်ကြာ ပြတ်တောက်နေသော်လည်း...
June 29, 2026
စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်အုပ်စုတပ်က ဇွန်လ ၂၇ ရက်...