မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း စိုးမိုးနယ်မြေများရှိ လူထုအတွက် စစ်ရေးသတိပေးချက် MDY-PDF ထုတ်ပြန်

မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း စိုးမိုးနယ်မြေများရှိ လူထုအတွက် စစ်ရေးသတိပေးချက် MDY-PDF ထုတ်ပြန်

မန္တလေးတိုင်းအတွင်းရှိ စိုးမိုးနယ်မြေများဖြစ်သော မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ နဲ့ တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် သတိပြု နေထိုင်ကြရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတိပေး ချက် တရပ်ကို ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) တွင် ထုတ်ပြန်လိုသည်။

“ယခုအခါ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တနေ့ထက်တနေ့ စစ်ရေးတိုက်ပွဲများ ပိုမိုပြင်ထန်းလာနေကာ အဆိုပါဒေသတွင်းနေ ပြည်သူလူထုအနေဖြင့် တိုက်ပွဲတွင်း ကြုံတွေ့ရနိုင်သည့် အခြေအနေများနှင့်ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြပါရန်နှင့် ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် “တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ” ကို အဓမ္မပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပြီး ထိုကာလမတိုင်မီတွင် သာလွန်အင်အားများစွာ အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း MDY-PDF က ဆိုသည်။

ယင်းအပြင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ လျာထားစာရင်းတွင် မတ္တရာ ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များလည်း ပါဝင်နေပြီး စစ်ကော်မရှင်တပ်ဖက်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာ တိုက်ပွဲ များ တရက်ထက်တရက် ပိုမိုပြင်းထန်လာနေကြောင်း MDY-PDF က ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ တနှစ်ကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့သည့် မတ္တရာ မြို့ အရှေ့မြောက်ခြမ်း၌ရှိသည့် အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးစခန်း နှင့် ဆည်တော်ကြီးတပ်စခန်းတို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပဲ စစ်ကော်မရှင်တပ်ဖွဲ့ က ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သည်။

ယင်းအပြင်သပိတ်ကျင်းမြို့ပေါ် နေရာအများစုကိုလည်း စစ်ကော်မရှင်တပ်ဖွဲ့ က ပြန်လည် ထိန်းချုပ်ထားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ ၏ လက်ရှိထိုးစစ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း နှင့် ပြည်သူ့တော်လှန်ရေးကြီး၏ အဆုံးသတ်ပန်းတိုင်ကို ရောက်သည်ထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

February 6, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်...
February 5, 2026
ဖေဖေါ်ရီလ ၅ ရက်၊ ၂၀၂၆ အရေးပါသည့် အဓိကအချက်များ ၂၀၂၅-၂၀၂၆ ခုနှစ်...
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)
February 5, 2026
ပါခွီး — အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ မြန်မာနိုင်ငံသား ၂၇ ဦး...
February 4, 2026
နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို...