ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်သိမ်းရန် စိုးရိမ်ထိတ်လန့်နေရပြီး၊ သွားလာရန်လည်း ခက်ခဲနေကြောင်း စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“ငြိမ်တော့ ငြိမ်နေပေမယ့် သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ၊ မနေ့ကတော့ ခြံထဲမှာ ရိတ်သိမ်းနေရင်း ဒရုန်းချတာ တစ်ယောက်ထိသွားတယ်။‌ ဒေသခံတွေက ကြောက်တော့ ကြောက်နေကြပေမယ့် အခက်အခဲကြား ဆက်ပြီး ရိတ်သိမ်းနေကြရတာပါ”ဟု စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း တိုက်ပွဲဇုန်အတွင်း ရှိနေသည့် စပါးခင်း၊ ရွာနှင့် အနည်းငယ်ဝေးသည့် စပါးခင်းများကို ဒေသခံများက တိုက်ပွဲကြား သွားရောက်ကာ မရိတ်သိမ်းနိုင်သေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ PNO ပူးပေါင်းတပ်နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ဆောင်းပြောင်းကျေးရွာ၊ နမ့်နိန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များလည်း လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများနှင့် အမိုးအကာများ ဆက်လက်လိုအပ်နေကြာင်း သိရသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...