စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။

ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့် နေစဉ်ဆက်တိုက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုဘ ပြုလုပ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဉီး သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်ကော်မရှင်တို့ ဘောရန်ကျေးရွာထဲကနေ ရွာအနီးအနားကို နေ့တိုင်းပဲ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ။ နောက်ပြီး ကျနော်တို့ရှိတဲ့ဘက်ကို စစ်ကြောင်းနှစ်ခုခွဲပြီးတော့ စစ်ကြောင်းထိုးတိုက်နေတယ်” ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်တပ်သည် ဘောရန်ရွာအတွင်းမှ အနီးအနားရှိ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အပြင် တိုက်ပွဲအတွင်း ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်ကြောင်း ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်မှ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်စလုံး၊ မြောက်စလုံးရွာ၊ ဘောရန်အပေါ်ရွာနှင့် ဘောရန်အောက်ရွာ စသည့် ကျေးရွာများကို စစ်ကြောင်းထိုကာ ကျေးရွာများကို မီးရှို့ပြီးနောက် ဒေသခံ ၃၀၀၀ ခန့်သည် နီးစပ်ရာကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“စစ်ရှောင်တွေကတော့ တကွဲတပြားပါပဲ။ တောထဲမှာ တဲထိုးပြီးနေရတာပဲ။ စစ်ရှောင်အတွက် သီးသန့်ကူညီ နေတာတွေတော့မရှိဘူး” ဟု စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

စစ်ကော်မရှင်တပ်သည် အောက်တိုဘာလအတွင်း သျှမ်းပြည် နှင့် ကရင်နီပြည်နယ်စပ်တစ်လျှောက် စစ်မျက်နှာ (၅) ခုအထိ ဖွင့်လှစ်ကာ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြီးခဲ့သည့် (အောက်တိုဘာလ ၁၃ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

March 21, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့...
March 20, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ...
March 19, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂)...
March 18, 2026
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)...