အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ၄ လအတွင်း အရပ်သား ၆၀၀ ကျော်သေဆုံး

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ၄ လအတွင်း အရပ်သား ၆၀၀ ကျော်သေဆုံး

နိုင်ငံတဝန်း လူငါးဦးနှင့်အထက် သေဆုံးစေခဲ့သည့် “အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများကြောင့် ပြီးခဲ့သည့် မေလမှ ဩဂုတ်လအထိ လေးလအတွင်း အရပ်သား ၆၃၇ ဦးသေဆုံးခဲ့” ဟုဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) က ထုတ်ပြန်သည်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ် ၃၈ မြို့နယ်တွင် စစ်အုပ်စု၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်ခဲ့သည့် အရပ်သားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ပေါင်း အနည်းဆုံး ၆၈ ကြိမ်ရှိခဲ့ကြောင်း ဆိုသည်။

ထိုဖြစ်စဉ်များအနက် ဖြစ်စဉ် ၆၆ ခုကို အာဏာသိမ်း စစ်အုပ်စုက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအတည်မပြုနိုင်သည့် ဖြစ်စဉ် တခု၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများမှ စစ်အုပ်စုအား ပစ်မှတ်ထား တိုက်ခိုက်ရာတွင် စစ်အုပ်စု၏ မိသားစုဝင်များ သေဆုံးခဲ့ရသည့်ဖြစ်စဉ် တခုလည်း ပါဝင်ကြောင်း ပြောသည်။

ထို့ပြင် အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက် အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်သည် ၃၉ ခုဖြင့် အများဆုံးဖြစ်ပြီး စစ်အုပ်စု၏ စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်မှုဖြစ်စဉ်သည် ၁၃ ခုဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း ဖော်ပြသည်။

စစ်အုပ်စုနှင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရမှုသည် ဖြစ်စဉ် ငါးခုဖြင့် တတိယအများဆုံးဖြစ်ကြောင်းလည်း ဆိုထားသည်။

တတိယအများဆုံးဖြစ်သည့် ဖြစ်စဉ် ငါးခုမှာ ရှမ်းမြောက်၊ မကွေး၊ ပဲခူး(အရှေ့)နှင့် တနင်္သာရီဒေသတို့တွင် ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်များအတွင်း အရပ်သားထိခိုက်သေဆုံးမှုများသည် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်မှုတို့ကြောင့်ဟု ဆိုသည်။

မန္တလေးဒေသရှိ အကျဉ်းထောင်တွင် ဗုံးပေါက်ကွဲမှုအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်တခုလည်း ရှိခဲ့ကာ ဖြစ်စဉ်အားလုံးထဲတွင် အရပ်သားသေဆုံးမှုအများဆုံးမှာ စစ်ကိုင်းဒေသဖြစ်ပြီး သေဆုံးသူ ၂၀၀ ကျော်ရှိကြောင်းလည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။

အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များတွင် စစ်အုပ်စုနှင့် ပျူစောထီးများက တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားရာဒေသများအနီးရှိ ကျေးရွာများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အားကောင်းသည်ဟု ယူဆသည့် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ အရပ်သားများကို ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့် ၍သတ်ဖြတ်ခြင်း၊ ကျေးရွာများအားမီးရှို့၍ အရပ်သားများကို သတ်ဖြတ်ခြင်း ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခြင်း စသည့်ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာပါ အချက်အလက်များကို တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များနှင့် လွတ်လပ်သော သတင်းမီဒီယာစုစုပေါင်း ၄၀ ခုမှ ဖော်ပြချက်များကို အခြေခံကာ ထုတ်နုတ်တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များအတွင်း အရပ်သားသေ ဆုံးမှုများမှာ ၂၀၂၁ ခုနှစ်တွင် ၅၇၀ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၆၁၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၉၃၉ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၁,၄၈၄ ဦးနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၁,၁၂၂ ဦးရှိကြောင်း သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...