ရန်ကုန်လှိုင်သာယာတွင်ရခိုင်လူငယ်တစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့်လက်နက်ကိုင်လူတစုမှ ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်လှိုင်သာယာတွင်ရခိုင်လူငယ်တစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့်လက်နက်ကိုင်လူတစုမှ ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ရခိုင်ကျောင်းသားလူငယ်တစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ရမ်းဗြဲမြို့နယ်၊ ချောင်းဝအုပ်စု၊ ချောင်းဝကျေးရွာမှ မောင်နိုင်ဝင်းထွန်း (၂၃) နှစ်ဖြစ်ပြီး လက်ရှိ လှိုင်သာယာတွင် မိခင်ဖြစ်သူနှင့် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်နေ့ ညဉ့် ၁၀ နာရီကျော်အချိန်ခန့်ကမ ောင်နိုင်ဝင်းထွန်းသည် သူ၏ သူငယ်ချင်းနှင့်အတူ ဆေးဆိုင်သို့ ဆေးသွားဝယ်စဉ် အိမ်စီးကား နံပါတ်1B- 3632 ပေါ်မှ မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စု ဆင်းလာပြီး ၎င်းတို့နှစ်ဦးကို လက်နက်ပြကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မောင်နိုင်ဝင်းထွန်း၏ မိခင်ဖြစ်သူက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ကျမသားလေးနဲ့ တစ်ရွာထဲနေ သူငယ်ချင်းနှစ်ယောက် လမ်းထိပ်နားက ဆေးဆိုင်ကို သွားတာ။ ကျမတို့ ဈေးလေးမှတ်တိုင်မှာ နေတာပါ။ သူငယ်ချင်းမှာက ခြေထောက်နာနေလို့ သူ့အတွက် ဆေးသွားဝယ်တာ။ အဲ့ဒီအချိန်မှာ ကားတစ်စီးပေါ်က မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စု ဆင်းလာပြီး သူတို့နှစ်ယောက်ကို ဆွဲခေါ်သွားတယ်။ ကျမသားလေးရဲ့ သူငယ်ချင်းက အိမ်‌ပြန်ရောက်ပြီး။ ကျမ သားလေး ပါမလာဘူး။ ကျမ တော်တော်စိတ်ထိခိုက်နေရတယ်။ သားလေးက အေးတယ်။ အပြင်တခါမှ ထွက်တာမဟုတ်ဘူး" ဟုပြောသည်။

ဖမ်း‌ဆီးခေါ်ဆောင်ခံရစဉ်က နှစ်ဦးဖြစ်ပြီး သူ၏ သူငယ်ချင်းဖြစ်သူကို ခြေထောက်အနာရှိနေသဖြင့် ကားပေါ်မှ ကန်ချကာ လမ်းခုလတ်တစ်နေရာတွင် ထားခဲ့သည်ဟု မောင်နိုင်ဝင်းထွန်း၏ မိခင်ဖြစ်သူက ဆက်ပြောသည်။

"ဒီကောင် ခြေထောက်နာနေတယ်ဆိုပြီး လမ်းတစ်နေရာမှာ ကားပေါ်က ကန်ချခဲ့တယ်တဲ့။ သူက သင်္ယ်န်းကျွန်းကနေ ခဏအလည်လာတာပါ။ ‌အပေါ်ကို မော့ကြည့်ရင် သေနတ်နဲ့ ပစ်သတ်ပစ်မယ် ပြောတယ်။ သူလည်း နေရာအတိအကျ ဘယ်နေရာမှန်းမသိ အဲ့တာနဲ့ လမ်းမှာ ကံကောင်းလို့ ရပ်ကွက်နဲ့ အနီးအနားက ကားတစ်စီးနဲ့ တွေ့လို့ သူ့ကို လာပို့သွားလို့ လွတ်လာတယ်" ဟုပြောသည်။

မောင်နိုင်ဝင်းထွန်းသည် တောင်ကုတ်တက္ကသိုလ်၊ အဝေးသင် ပထမနှစ် ဖြေဆိုထားပြီးသူဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်ခြင်းဖြစ်ပြီး ကျောင်းဆက်တက်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

ယင်းနေ့ အောက်တိုဘာ ၄ ရက်နေ့က လှိုင်သာယာမြို့နယ်က ရပ်ကွက်တချို့၏ အဆောင်အနီးအနား တချို့တွင်လည်း ယခုကဲ့သို့ လူငယ်များအား ပေါ်တာဆွဲမှု ဖြစ်စဉ်များ ရှိခဲ့ကြောင်းသိရသည်။

သားဖြစ်သူပျောက်ဆုံးမှုအား နီးစပ်ရာ လှိုင်သာယာမြို့နယ်ရဲစခန်းတွင် တိုင်ကြားထားကြောင်းသိရသည်။

ယင်းအပြင် သားဖြစ်သူအား အပြစ်မရှိပါက ပြန်လွတ်ပေးပါရန်နှင့် သားဖြစ်သူအား ပြန်လွတ်ရန် ငွေကြေးပေးဆောင်ရမည်ဆိုလျှင်လည်း ပေးမည်ဟု မိခင်ဖြစ်သူက တောင်းဆိုထားသည်။

မောင်နိုင်ဝင်းထွန်းအား လမ်းတစ်နေရာရာတွင် တွေ့ရှိခဲ့သည်ဖြစ်စေ ဆက်သွယ်ပေးပါရန်လည်း ဆိုထားသည်။

လှိုင်သာယာမြို့နယ်တွင် မကြာခဏပ ေါ်တာဆွဲသည့်ဖြစ်စဉ်ရှိနေပြီး အများစုမှာ စစ်သားစုဆောင်းရေ အဖြစ် ခံရကာ ပြန်လွတ်လာခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မသမာသူ လက်နက်ကိုင် အုပ်စုမှာ မှောင်ရိပ်ခိုသည့်လမ်းများတွင် အုပ်စုလိုက် စောင့်နေကြပြီး လမ်းသွား၊ လမ်းလာများအား စစ်သားစုဆောင်းရေးအတွက် ပေါ်တာဆွဲမှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲမတိုင်မီ ပေါ်တာဆွဲခြင်းများ ပိုမိုရှိလာနိုင်၍ သတိထား သွားလာကြရန် လိုသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း ရန်ကုန်တွင် ရခိုင်လူမျိုးများ နေထိုင်မှုများသည့် မြို့နယ်၊ ရပ်ကွက်များကို စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝင်ရောက် ပေါ်တာဆွဲကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်း စုဆောင်းခံရသူများအား အတင်းအဓမ္မ ပြည်သူ့စစ်သင်တန်း တက်ခိုင်းပြီး တိုက်ပွဲပြင်းထန်နေသည့် နေရာအများအပြားသို့ စေလွှတ်သဖြင့် ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုလည်း များပြားလျက်ရှိကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...