TNLA ထိန်းချုပ် နမ္မတူမြို့ တစ်ပတ်ထဲ ၃ ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ ဘုန်းကြီးကျောင်းထိမှန်ပျက်စီး

TNLA ထိန်းချုပ် နမ္မတူမြို့ တစ်ပတ်ထဲ ၃ ကြိမ်မြောက် ဗုံးထပ်ကြဲခံရ၊ ဘုန်းကြီးကျောင်းထိမှန်ပျက်စီး
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်း ထိမှန်ပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာ ၇ ရက်) နံနက် ၆ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပုဗ္ဗာရုံပရိယတ္တိ ရွှေကျင်ကျောင်းတိုက်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်များ အားလုံးနီးပါး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့ပေါ် ယမန်နေ့ (အောက်တိုဘာ ၆ ရက်) သီတင်းကျွတ်လပြည့်နေ့တွင် လေကြောင်းဗုံးကြဲခံရပြီးနောက် Starlink စတားလင့် အင်တာနက်ဝိုင်ဖိုင်များ အသုံးပြုခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ယနေ့ လေကြောင်း ဗုံးကြဲခံရမှုအတွင်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘဲ သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ယခုထပ်မံ ဗုံးကြဲခံရသည့် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက် နယ်မြေ(၈)တွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ဘေးရှောင် ၄ ဉီး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများသည် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ဘက်သို့ မြေပြင်စစ်ကြောင်း ဆက်လက်ချီတက်လျက်ရှိရာ သီပေါမြို့နှင့် (၁၀) အကွာခန့်တွင် ရောက်ရှိနေပြီး ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...