လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ပွဲလမ်းသဘင်နဲ့ လူစုလူဝေးပြုလုပ်တာတွေ ရှောင်ကြဉ်ကြဖို့ ဗိုလ်မှူးကြီး နော်ဘူ သတိပေး

လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ပွဲလမ်းသဘင်နဲ့ လူစုလူဝေးပြုလုပ်တာတွေ ရှောင်ကြဉ်ကြဖို့ ဗိုလ်မှူးကြီး နော်ဘူ သတိပေး

လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ပြည်သူလူထုအနေနဲ့ ပွဲလမ်းသဘင်၊ လူစုလူဝေးပြုလုပ်တာတွေကို ရှောင်ကြဉ်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောကြားပါတယ်။

စစ်ကော်မရှင်တပ်ဘက်က လေယာဉ်၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူလူထုတွေအနေနဲ့ သတင်းအမြဲနားစွင့်ရမယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

"ကျွန်တော်တို့ မြန်မာနိုင်ငံက တစ်နေ့ထက်တစ်နေ့ စစ်ရေးက ပိုပို ပြင်းထန်လာတယ်။ အခုလည်း ရွေးကောက်ပွဲလုပ်မှာ ဖြစ်တဲ့အတွက် စစ်ကော်မရှင်က နယ်မြေချဲ့ထွင်လိုတဲ့အတွက် ပြည်သူလူထုတွေ နေတဲ့နေရာမှာလည်း အချိန်ပြည့် လေယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းနဲ့ ဗုံးကြဲ၊ လက်နက်ကြီးတွေ ပစ်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတင်းအမြဲ နားစွင့်ရမယ်။ ကိုယ့်မိသားစု လုံခြုံရေးအတွက် လုံခြုံတဲ့ကတုတ်ကျင်း တူးထားတာမျိုးတွေ၊ သတိထားတာတွေ အမြဲလုပ်ရမယ်။ ရပ်ရွာမှာလည်း လူစုလူဝေးလုပ်တာတွေ ဖြစ်နိုင်သလောက် လတ်တလောမှာ ရှောင်ကြဉ်ရမယ်။ ပွဲလမ်းသဘင်၊ လူစုလူဝေးလုပ်တာ ဖြစ်နိုင်သလောက် ရှောင်ကြဉ်ရအောင်လို့ ပြောချင်ပါတယ်။"လို့ ဆိုပါတယ်။

လတ်တလောအခြေအနေမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆော့လော်မြို့နယ်၊ လန်ဆယ် (Lang Se) ရွှေမှော်ဒေသဘက်ကို စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကော်မရှင်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံနှစ်ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာလည်း လက်နက်ကြီး၊ဒရုန်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ သေဆုံးမှု ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်ဒေသ၊အင်းတော်ကြီး၊ လန်ဆယ်၊ ဝိုင်းမော်(လမြန်) စစ်မျက်နှာပြင်နဲ့ ဗန်းမော်မြို့ဘက်တွေမှာ စစ်ရေးတင်းမာနေတာပါ။

ဝိုင်းမော်မြို့(လမြန်) စစ်မျက်နှာပြင်ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တပ်တို့ကြား စစ်ရေးတင်းမာတာ တစ်လလောက်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ KIA ဘက်က တပ်စခန်း ဆုတ်ခွာတာမျိုး မရှိဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ ထပ်မံ သိရှိရပါတယ်။

စစ်ကော်မရှင်က ဝိုင်းမော်(လမြန်)၊ နန်ဇော်ယန်ကျေးရွာဘက်ကို လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတဲ့အပြင် စစ်ကော်မရှင်ဘက်က မြေပြင်စစ်ကြောင်းထိုးတာပါရှိနေတဲ့အတွက် စစ်ရေးတင်းမာနေတဲ့ အခြေအနေပါ။

ဝိုင်းမော်ဘက် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စက်တင်ဘာလ ၁၄ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံမှာ ဖော်ပြချက်အရ စစ်ကော်မရှင်တပ်ဟာ KIA ပူးပေါင်းတပ်တွေရှိတဲ့ ဝိုင်းမော်စစ်မျက်နှာပြင်ဘက်ကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ဘက်မှာတော့ စစ်ကော်မရှင်ဘက်က လေယာဉ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတာ နေ့တိုင်းရှိနေတဲ့အပြင် မြို့ရပ်ကွက်၊ ရုံးကြီးဘက်လည်း စစ်ကော်မရှင်တပ်သားတွေကနေ မြေပြင် စစ်ကြောင်းထိုးနေပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...