AA ၏ စနိုက်ဘာအစွမ်းကြောင့် အကြမ်းဖက်စစ်တပ်တွင် အကျအဆုံးများ ဆက်လက်ရှိနေပြီး စစ်သားများမှာ ကတုတ်ကျင်းထဲကနေ အပြင် မထွက်ရဲဖြစ်နေ

AA ၏ စနိုက်ဘာအစွမ်းကြောင့် အကြမ်းဖက်စစ်တပ်တွင် အကျအဆုံးများ ဆက်လက်ရှိနေပြီး စစ်သားများမှာ ကတုတ်ကျင်းထဲကနေ အပြင် မထွက်ရဲဖြစ်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ထိုးစစ်ကို ရပ်တန့်လိုက်ပြီးနောက် နောက်တန်းသို့ ဆုတ်ကာ ခံစစ်ရှင် ပြုလုပ်ပြီး ပြန်နေထိုင်နေကြစဉ် အာရက္ခတပ်တော် (AA)၏ စနိုက်ဘာကြောင့် ကျဆုံးမှုတွေ ဆက်လက်ရှိနေသလို စစ်သားများအနေဖြင့်လည်း အိမ်သာတက်ရန်ထိ မသွားဝံ့ဘဲဖြစ်နေကြောင်း ဒေသခံစစ်ရေးရင်းမြစ်တစ်ဦးကပြောသည်။

“တိုက်ပွဲငြိမ်သက်နေပေမယ့်လည်း ကျောက်ဖြူမှာ အေအေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်တပ်ဖွဲ့ဝင်အချို့ နေ့စဉ်သေဆုံးမူရှိနေတယ်။ အခု အိမ်သာတက်ဖို့တောင် အပြင်မထွက်ရဲဘူးလို့ ကြားရတယ်။ ထွက်ရင်သေ၊ ထွက်ရင်မသာပေါ်လို့ အကုန် ဘန်ကာတွေ၊ ကတုတ်ကျင်းမှာ နေနေကြတယ်” ဟုပြောသည်။

အကြမ်းဖက်စစ်တပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေအချို့ကို အင်အားသုံးပြီး အပြင်းအထန် ထိုးစစ်တိုက်ခိုက်ခဲ့သော်လည်း အကျဆုံးများပြီး ထပ်မံ ထိုးစစ်မဆင်နိုင်တော့ဘဲ နောက်ဆုတ်သွားခဲ့ကြရသည်။

“လက်ရှိ အထိုင်စခန်တွေမှာ ဘန်ကာတွေ သေချာလုပ်ပြီး AA ထိန်းချုပ်နေရာများကို လက်နက်ကြီး၊ ဒရုန်းပစ်ခတ်နေတာတွေကြောင့် အေအေကလည်း သူတို့နေရာတွေကို ချဉ်းကပ်ပြီး စနိုက်ဘာနဲ့ နေ့ရော ညပါ ချနေတာ။ စစ်တပ်ဘက်ကန ေ့စဉ်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်” ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။  

စနိုက်ဘာထိမှန်ပြီး သေဆုံးသည့် စစ်သားအလောင်းများကို ခမရ ၅၄၃ သို့ သယ်ယူပြီး သင်္ဂြိုလ်နေရသည်ဟု သိရကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောဆိုသည်။

"သူတို့က နေ့စဉ် AA ထိန်းချုပ်နေရာနဲ့ ကျေးရွာ တောတောင်တွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ အဲဒါကို AA က စနိုက်ဘာနဲ့ ပြန်ပြီး တိုက်ခိုက်တာ အခု သူတို့ဖက်က သေနေလို့ နောက်တန်းတပ်ရင်းတွေ အလောင်းတွေ ရောက်တယ်" ဟု ပြောသည်။

ရဲတပ်ရင်းအမှတ် (၃၂)၊ ပြိုင်းစေ့ကေ၊ မလကျွန်း၊ လိပ်ခမော်၊ OTG၊ သစ်ပုတ်တောင်ဌာနချုပ် ကာကင်းစခန်းတွေက AA ထိန်းချုပ်နေရာများကို ဒရုန်း၊ လက်နက်ကြီးတွေ ပစ်ခတ်မှုများ ရှိနေပြီး တိုက်ပွဲဖြစ်သံများကို ယခင်ကလောက် ပြင်းပြင်းထန်ထန် မကြားရဟု ကျောက်ဖြူဒေသခံက ဆက်လက်ပြောဆိုသည်။

ထောင်နဲ့ချီ အင်အားသုံးပြီး AA ကို တိုက်ခိုက်ခဲ့သော်လည်း အကြမ်းစစ်တပ်သည် ရှေ့မတိုးနိုင်ဘဲ ပြန်နောက်ဆုတ်သွားကာ မူလနေရာကို ပြန်ယူပြီး ခုခံစစ်ပြင်ဆင်နေသဖြင့် AA က ထိုးစစ်ဆင်လာနိုင်သည်ဟု ယူဆထားပုံရသည်ဟု ပြောသည်။

"အခုက ခိုင်ခိုင်မာမာ နေရာစုံ အကုန်လုပ်နေရတယ်။ ကုန်သင်္ဘောတွေမှာ ပါလာတဲ့ ဘိလပ်မြေတွေနဲ့ အခု တပ်ရင်းတွေမှာတောင် ဘန်ကာအသစ်လုပ်နေတယ်။ တပ်ရင်း တပ်စခန်းဘန်ကာတွေ ထပ်မံပြီး အခိုင်အမာ တည်ဆောက်နေကြတာကို တွေ့နေရပါတယ်” ဟု ၎င်းကျောက်ဖြူဒေသခံက ပြောသည်။

ကြေး၊ ရေ၊ လေထိုးစစ်ဖြင့် AA ကို တိုက်ပွဲ ဖော်ဆောင်ခဲ့သော်လည်း အကျအဆုံးအများအပြားဖြင့် နောက်ဆုတ်သွားရပြီးနောက် မြို့တွင်းနေ ပြည်သူများကိုလည်း ပြင်ပသို့ ထွက်ခွင့်ကို စစ်တပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကာ မြို့ထဲတွင် တိုက်ပွဲဖြစ်ပါက လူသားဒိုင်းကာ လုပ်နိုင်ရန်အတွက် ရေလမ်း၊ ကုန်းလမ်းများကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...